Pages

Tuesday 26 June 2012

မောရသည်..

လေရဲ့အဟုန်
ခြေအစုံနှင့်
လှမ်းဝံ့ချင်လည်း
ကမ်းလင့်တဲ့လက်
ဆိုင်းငင့်သည်မို့
တပ်ဆုတ်ခြေခွာ
နေခဲ့ရှာသည်
အော်..
မျှော်တော်ဇောနှင့် မောရသည်...

Monday 25 June 2012


လောကစည်းစိမ်

ရင်ခုန်သံ တစ်စုံကြား..
ဗျာများရပြန်ပါ့..

ပါခဲ့ပေါ့ ဒီသေရည်..
ရီဝေဝေ တကယ်ကောင်းမို့..

ရွှင်လန်းခဲ့ ဒီခြေနေ..
ဖြစ်သမျှ အကုန်ပျောက်လို့..

ဒီရွှေလောက 
အို.. အကုန်မေ့ခဲ့ပါပေါ့လား..

Tuesday 12 June 2012

တမ်းတချိန်..



ဒီကျောင်း၊ ဒီပရဝုဏ်ကို ပြန်မရောက်ချင်ခဲ့ပေမဲ့လည်း မတတ်နိုင်စွာပဲ နောက်တစ်ဖန် ပြန်လည် ရောက်ခဲ့ရပြန်ပြီ ဖိုးကို.. ဒီနေရာ၊ ဒီဒေသက ငါ့အတွက် ဒဏ်ရာဟောင်းကို ပြန်ပေါ်စေခဲ့တာပဲလား.. ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲတစ်လုံး လွင့်စင်စေခဲ့ပြန်ပြီ ထင်ပါရဲ့ဟာ.. ရင့်ကျက်တဲ့အရွယ် ရောက်နေ ခဲ့ပေမဲ့ အတိတ်ဟောင်းရဲ့အရိပ်က ငါ့ကို ထပ်မံနှိပ်စက်ခဲ့ပြန်ပြီလေ..


လာခဲ့တုန်းက အသိတီချယ်တစ်ယောက်က လှမ်းခေါ်လို့… ဒါပေမဲ့ ဖိုးကိုရယ်.. ဒီပတ်ဝန်းကျင်က နင်နဲ့ငါ့ရဲ့ အတိတ်ကို ပြန်လည်ဆန်းသစ်စေပြန် ပါရောလား.. အထက်တန်းအောင်လို့ တက္ကသီလာဆီ စတင်ရောက် ခါကစ ငါ့နှလုံးသားကို တံခါးခေါက်လာခဲ့တဲ့ သစ်ရွက်ဟောင်းကလေးတစ်ရွက်ကို တွေ့နိုင်မလားလို့ ခုတဖန် လိုက်ရှာခဲ့မိပြန်ပြီလေ.. ဒါပေမဲ့ အတိတ်ရဲ့အရိပ်ဟောင်းတွေပဲ ငါ ပြန်ရှာတွေ့ခဲ့တယ် ဖိုးကို..




Tuesday 5 June 2012

ဘဝတစ်ခု အဆုံးသတ်ခြင်း(သို့မဟုတ်) နားခိုရာအမှန်


အချစ်ကို နားလည်သလောက် ရှင်းစမ်းဆိုရင် ရှင်းပြနိုင်မယ် မထင်ခဲ့ဘူး.. ဒါပေမဲ့ ချစ်ခဲ့ဖူးတာတွေတော့ များခဲ့သား.. ကြာတော့ အချစ်ဆိုတာထက် ကိုယ့်အချစ်ကို ကိုယ် မယုံတော့တာတွေများလို့ လာတော့တယ်.. ဒါပေမဲ့ မချစ်တော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ခဲ့ဘူး... ကင်းကွာ မနေနိုင်တာ လဲ ပါမယ်ထင်တယ်.. ချစ်လိုက်၊ မုန်းလိုက် သံသရာထဲ တဝဲလည်လည်နဲ့ မလွတ်နိုင်ခဲ့ပါဘူး.. ကိုယ်ကိုယ်တိုင် အချစ်ကို မယုံခဲ့ချင်ပေမဲ့လည်း တစ်ခါ တစ်ခါ ချစ်တတ်လာတာ၊ ခံစားတတ်လာတာတွေကို လစ်လျူ မရှုနိုင်ခဲ့ပြန်ဘူးလေ.. ဒါပေမဲ့ အခုအချိန်မှာ၊ ဒီအသက်အရွယ်မှာ အချစ်ဆိုတာထက် လေးပင်နက်နဲတာတွေ ရှိနေပါလားဆိုတာ သေချာသိလာခဲ့သလို.. အချစ်ထက် အရေးကြီးတာတွေနဲ့ ဘဝတစ်ခု တည်ဆောက်လို့ ရပါလား ဆိုတာတွေကို နားလည်သဘောပေါက်လာခဲ့တယ်...

အရင်က ကိုယ့်စိတ်၊ ကိုယ့်သဘောအတိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်တာတွေကို သဘောကျနှစ်ချိုက်မိခဲ့သလို.. ကိုယ်ထင်ရာ ကိုယ်လုပ်ချင်တဲ့ စိတ်ကိုလဲ ကျေနပ်အားရ ဖြစ်ခဲ့ဖူးတယ်.. ကိုယ့်အတွက် အချုပ်အနှောင်ဆိုတာ ကိုယ်ခံယူမှသာ ရတဲ့ ဘဝမျိုးကို စိတ်ကျေနပ်ဖြစ်ခဲ့သလို ငါ့ဘဝမှာ ဘယ်သူမှ ငါ့ကို တားဆီးပိုင်ခွင့် မရှိရဘူး.. မရှိအောင်နေမယ်လို့ ကြွေးကြော်ဖူးခဲ့တယ်.. ငါ့စိတ်နဲ့ ငါ ချစ်လိုက်မယ်၊ မုန်းလိုက်မယ်.. ခံစားလိုက်မယ်၊ စံစားလိုက်မယ်လို့ တွေးခဲ့တယ်.. ချစ်နေတုန်း ၊အရှိန်တက်နေတုန်းတော့.. ဒါတွေနဲ့ အချိန်တွေကို နစ်မျောလိုက်ချင်ခဲ့တယ်.. အဲ.. မုန်းပြီ၊ မေ့ပြီ ဆိုရင်တော့ .. ဘယ်လောက်ကြီး ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ .. လှည့်မကြည့်ချင်ခဲ့မိတဲ့ စိတ်တွေနဲ့ ခံစားပစ်လိုက်တဲ့အထိပါပဲ..