ကတိုက်ကရိုက်.. ကသောကမျော.. မနက်ခင်းတိုင်းက ကျွန်မအတွက်တော့
ထူးဆန်းမှုမရှိ .. အသားကျ လို့ နေပြန်သည်.. ဒီနေ့လည်း.. အရင်နေ့တွေအတိုင်း ..
မိုးလင်းတာနဲ့ ရုံးသွားဖို့ ပြင်ဆင်လို့.. ဖယ်ရီရောက် ချိန် မနက်ခင်း..
ဖယ်ရီမှီဖို့.. အိမ်က အလျင်အမြန် ပြေးထွက်ခဲ့ပြန်ပါသည်.. အိမ်ဝကအထွက်..
လမ်းဘေး ဆီက မြက်ခင်းတစ်ချို့ကို နင်းမိစဉ်ခဏ.. စိုရွှဲသွားတဲ့ ဖိနပ်ကို
ကြည့်မိရင်း.. ဒေါသက ထစ်ခနဲ ထွက်သွားခဲ့ ရပြန်သည်.. ဖိနပ်ရေစိုတာကို..
မုန်းတာကြောင့်ကိုး...
ဒေါသနဲ့ ကြည့်မိတဲ့ မြက်ခင်းပြင်.. အို.. အလွန့်ကို လှပလို့
နေခဲ့ပြန်တယ်.. မြက်ပင်ကလေးတွေကို ကြည့်ရင်း ခေါင်းထဲ လက်ကနဲ သတိရသွားတာက
သီချင်းတစ်ပုဒ်..
တိုးတိုးလေး တဖန်.. ညည်းမိပြန်သည်..
ဆောင်းပန်းချီ.. ခြုံလွမ်းလို့  ချမ်းလှပြီတကယ်
နှင်းရည်.. စိုလူးလို့  ဖျန်းပက်ကျီစယ်