Pages

Saturday 1 February 2014

လှေကလေး ၂ စင်း




ပထမတစ်စင်းက..
လှပ ကျော့ရှင်း တန်ဆာခင်းလို့
လူတကာ အားကျ.. အသွားလှအောင်
ဝံ့ဝံ့ကြွားကြွားနေခဲ့သည်.. 


ဒုတိယတစ်စင်းများ..
ခိုင်ခန့်တောင့်တင်း မာန်ဟုန်ခွင်းလို့
မှုန်မှိုင်းဝကာ.. ရေနံအရောင်
ထွန်းပြောင်တင့်လည် စေခဲ့သည်..


ကိုယ့်တွက်မှာများ
မခြားလူလို.. လှပခြင်းကို
တပ်မက်စိတ်ထားး.. လှမ်းလိုအားနှင့်
ကြိုးစား ဆွဲငင်.. နှောင်တွယ်ချင်သည်..
စိတ်လေး.. အများထိုသို့ပင်..