- တိုးတိတ်ညင်သာ ပင့်သက်တစ်ရှိုက်
- ကြိတ်ရှိုက်မိခိုက်
- ချုပ်တည်းထိန်းချုပ် သက်မမောက
- လူအလစ် လေအဝေ့မှာ
- တိတ်ဆိတ်စွာ ထွက်ခွါသည်..
- ကျုပ် မျက်ရည် ..
- ကျစရာ မရှိအောင် ထိန်းတယ်
- ကျုပ် စကားတွေ
- ပြောစရာ မရှိအောင် သိမ်းတယ်
- ကျုပ်အလွမ်းတွေ
- သိစရာ မရှိအောင် သိမ်းတယ်
- ကျုပ်အနမ်းတွေ
- ပေးစရာ မရှိအောင် ထိန်းတယ်
- စိတ်ရဲ့အလို
- ငြင်းဖို့ ခက်လည်း
- မာန်နဲ့ဟန်တွက်
- အပြန်မခက်အောင်
- တန်တဲ့အဖိုး ..
- တစ်ခုတော့ တွင်ချင်တယ်.. .. ။
ကေပိုး
17.6.2015.
00:03 AM.