Pages
Friday, 3 May 2013
အောင်ဘာလေ သိန်း ၁၅၀၀ ထီဆု ပေါက်ခဲ့သော်…
ခုတလော..ကျွန်မ ကေပိုးတစ်ယောက်.. ထီ အရမ်းပေါက်ချင်နေပါတယ်.. ပေါက်ချင်တာမှ.. သိန်း ၃၀၀၊ သိန်း၅၀၀ တွေမှ မဟုတ်ပဲ.. သိန်း ၁၅၀၀ ထီဆုကြီးကိုမှ မျှော်မှန်း လိုချင်နေမိခြင်း ဖြစ်ပါတယ်…
တကယ်လို့များ…
ကျွန်မသိန်းထောင့်ငါးရာဆုကြီး ပေါက်ခဲ့ရင်…
(၁)
ရလာတဲ့သိန်း ၁၅၀၀ ကို.. ၃ ပုံ အရင် ပုံပါ့မယ်.. ပထမအပုံ သိန်း ၅၀၀ကို.. မေ့ကို ပေးပြီး.. လက်ရှိနေနေတဲ့ အိမ်ဘေးက မြေကွက်လပ်မှာ.. အိမ်ကောင်းကောင်းတစ်လုံး ဆောက်ပါမည်…
နောက်ထပ်သိန်း ၅၀၀ ကို… မေ့ကို ပေးပြီး.. မေသုံးချင်ရာ သုံးဖို့.. ဆေးဖိုးဝါးခအဖြစ်ရော.. လှူဖို့ဒါန်းဖို့ရော….ပေးလိုက်ပါမည်.. ကျန်တဲ့သိန်း ၅၀၀ ကိုတော့.. ပိုက်ဆံ စုနိုင်ဖို့ ခဲယဉ်းနေသော.. ကျွန်မ၏ ချစ်သူအား ပေးပြီး..ဘဝတစ်ခု တည်ထောင်ဖို့အတွက်.. စတင်ဖို့ ကြံပါမည်..
Wednesday, 1 May 2013
အပြုံးချိုချို.. ပြုံးချင်တယ်
ပြုံးခြင်းရဲ့ နောက်ကွယ်မှာ.. ဘာရှိသလဲ ???
ခုတလော.. ကျွန်မ သိပ်မပြုံးဖြစ်တာ ကြာပြီ.. စိတ်မကြည်တာလည်းပါ၊ အလုပ်များတာတွေလည်း ပါမယ်ထင်ပါရဲ့.. ကြည်ကြည်လင်လင် မပြုံးဖြစ်တာ ကြာတဲ့အထဲ.. အတိုက်အခိုက်များတဲ့လောက၊ ဇယားရှုပ်တဲ့ မိန်းမသဘာဝတွေကြောင့်.. နဖူးကြောတွေ အမြဲတမ်းလိုလို တွန့်ထားရင်.. စူပုတ်တဲ့ မျက်နှာက.. လူတကာကို.. ငြူစူသယောင်..
နှစ်တစ်နှစ်ရဲ့ ဘတ်ဂျက်အကုန်ကာလမို့.. ကျွန်မလို လူ မပြောနဲ့.. နေရာဒေသတိုင်းက.. အလုပ်လုပ်ကိုင်သူ တော်တော်များများ.. အလုပ်ရှုပ် ပင်ပန်းနေကြတာဟာ.. သဘာဝလိုလို ဖြစ်နေခဲ့ရတယ်.. ဒီလို အချိန်မျိုးမှာ.. ကျွန်မအတွက်ကတော့.. အလုပ်ကပေးတဲ့ ပင်ပန်းခြင်းတွေကြောင့်.. စိတ်မကြည်လင်ခြင်းတွေ ဖြစ်နေခဲ့ပြီး.. ကိုယ်လုပ်ရမယ့်.. ကိုယ့်လုပ်ငန်းရဲ့ အဓိကကျတဲ့.. အရာတစ်ခုကို.. လက်လွတ်စပယ် ထားပစ်ခဲ့မိပြန်တယ်..

Subscribe to:
Posts (Atom)