Pages

Saturday 19 January 2013

ကျွန်မနှင့် ဝန်ဆောင်မှု



မင်္ဂလာပါရှင်..
ကျေးဇူးတင်ပါတယ်ရှင်..


ကြားနေကျ အလွယ်ကူဆုံးစကားလေးတွေပါ.. လောကဝတ်လို့ပဲဆိုဆို.. လူ့ကျင့်ဝတ်လိုပဲ ဆိုဆို.. နေ့စဉ်လူမှုဘဝထဲ မြင်ရ ကြားရနေတဲ့ အလွယ်ကူဆုံး စကားလုံးတွေပါ.. အဲဒီစကားလုံးတွေကို နှုတ်က လွယ်လွယ် ထွက်နိုင်ကြသလားလို့.. မေးကြည့်ရင် .. ထွက်နိုင်တယ်လို့.. လူတော်တော်များများ. ဖြေကြဦးမှာပါ.. အဲဒီလိုပဲ.. ကျွန်မလည်း အရင်က ထင်မြင်ခဲ့ဖူးပါတယ်.. အဲလို ထင်မြင် မိတယ်ဆိုရင်.. တစ်ချက်တော့ စဉ်းစားကြည့်ကြတာပေါ့.. Customer Service ဆိုတဲ့ သင်တန်းတွေ.. ဘယ်မှာလာ  ပေါ်ပေါက် လာနိုင်မှာပါလဲလို့..



အရင်က ကျွန်မ.. အဲဒီလို service ပေးရတဲ့ အလုပ်ဆိုတာကို လွယ်ကူမယ် ထင်ခဲ့ဖူးတယ်.. ကိုယ်ကိုယ်တိုင် တကယ်တမ်း လုပ်ဖြစ်ပြီဆိုတော့မှ .. အရမ်းကို ခက်ခဲမှန်း သိလိုက်ရတယ်.. ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက.. အထူးသဖြင့်တော့.. customer ကို service နိုင်နိုင်ပေးရတဲ့.. လုပ်ငန်းတစ်ခု.. အဲဒီလုပ်ငန်းရဲ့ operation ပိုင်းကို တစ်ခါမှ မဝင်ရောက်ဖူးခဲ့တော့.. service ပေးခြင်း ဆိုတဲ့ နည်းလမ်းတွေ၊ နည်းနိဿယတွေ ဘာတစ်ခုမှ မသိခဲ့ပါဘူး.. သူငယ်ချင်းတွေနဲ့ ပြောပြောနေတဲ့.. smile.. smile... ဝီစကီ.. ဝီစကီ ဆိုတာတွေနဲ့.. တော်သင့်ရုံ လူမှုဆက်ဆံရေးလေးနဲ့.. ရီပြရတာတွေနဲ့.. ထင်တစ်လုံး ရမ်းနေတဲ့ ကျွန်မ.. service ဆိုတဲ့ အလေ့အကျင့်.. service ပေးခြင်းရဲ့ စိတ်ခံစားချက်တွေကို.. လက်တွေ့ကျကျ သိမြင်လိုက်တော့မှ တကယ် မလွယ်မှန်း သိလာခဲ့ရပါတယ်..

Wednesday 2 January 2013

၂၀၁၂ သို့.. နှစ်ချုပ်စာရင်းတင်ခြင်း

 မနေ့က ၂၀၁၃ ပြောင်းတယ်..
၂၀၁၂ က မနေ့တစ်နေ့ကလိုပါပဲ..
အသစ်ရောက်လာတဲ့နှစ်က ပျော်ရွှင်ခြင်းတွေကို ဆောင်ယူလာမှာလား.. ဝမ်းနည်းခြင်းတွေကို ဆောင်ကျဉ်းလာမှာလား.. ကြိုပြီး မမြင်နိုင်တာတော့ အမှန်ပါပဲ.. ဘာတွေပဲဖြစ်ဖြစ်.. တားဆီးမရစွာပဲ.. နှစ်သစ်တစ်ခုက မြန်မြန်ဆန်ဆန် ချဉ်းနင်း ဝင်ရောက်လာခဲ့ပြန်တယ်..


သက္ကရာဇ်တစ်နှစ်တိုးလာတော့.. အသက်က တစ်နှစ်ကြီးလာပြန်တယ်.. နောင်တတရားတွေ ပိုလာခဲ့သလို.. ပျော်ရွှင်ကျေနပ်ခြင်းတွေလဲ ရင်မှာ ပိုက်လာခဲ့ပြန်တယ်.. မွေးကင်းစက ဒီအရွယ်အထိ.. ဖြစ်ပျက်ပြောင်းလဲတာတွေ သေချာမှတ်မိဖို့ဆိုတာ.. ဝေးလို့ နေခဲ့ပြန်တယ်.. ဟိုအရင်ချိန်တွေကို ပြန်တမ်းတဖို့ဆိုတာထက်.. ပြီးခဲ့တဲ့ ၂၀၁၂ ကိုတောင် အလုံးစုံမှတ်မိနိုင်ဖို့ ဦးနှောက်က အလုပ်မလုပ်နိုင်ခဲ့ပြန်ဘူး.. ဒါကို ယူတတ်ရင် သံဝေဂလို့ ကင်ပွန်းတပ်ချင်တယ်.. ကိုယ်လဲ မငယ်တော့ဘူးကိုး…