Pages

Tuesday 16 June 2015

စိတ္တဇ.. စိတ်ရဲ့အလို



  • တိုးတိတ်ညင်သာ ပင့်သက်တစ်ရှိုက်
  • ကြိတ်ရှိုက်မိခိုက်
  • ချုပ်တည်းထိန်းချုပ် သက်မမောက
  • လူအလစ် လေအဝေ့မှာ
  • တိတ်ဆိတ်စွာ ထွက်ခွါသည်.. 


  • ကျုပ် မျက်ရည် .. 
  • ကျစရာ မရှိအောင် ထိန်းတယ်
  • ကျုပ် စကားတွေ
  • ပြောစရာ မရှိအောင် သိမ်းတယ်
  • ကျုပ်အလွမ်းတွေ
  • သိစရာ မရှိအောင် သိမ်းတယ်
  • ကျုပ်အနမ်းတွေ
  • ပေးစရာ မရှိအောင် ထိန်းတယ်




  • စိတ်ရဲ့အလို
  • ငြင်းဖို့ ခက်လည်း
  • မာန်နဲ့ဟန်တွက်
  • အပြန်မခက်အောင်
  • တန်တဲ့အဖိုး .. 
  • တစ်ခုတော့ တွင်ချင်တယ်.. .. ။





ကေပိုး
17.6.2015.
00:03 AM.

1 comment: