Pages
Wednesday, 5 December 2012
ကမ်းနားသစ်ပင်
အတုအယောင်ကို
အစစ်ထင်မှတ်လို့
မာနထောင်လွှား နေခဲ့ဖူးတယ်
စိန်နားကပ်အရောင်ကို
ကိုယ့်အတွက် ထင်မှတ်လို့
ပါးပြင်အရောင် ပြောင်ခဲ့ဖူးတယ်
ညလအသာကို
အမြဲတမ်း ထင်မှတ်လို့
ပျော်ရွှင်ကျေနပ် နေခဲ့ဖူးတယ်
ပြောင်းလဲခြင်းကို
မဖြစ်နိုင်ဘူး ထင်မှတ်လို့
မေ့လျော့ထားကာ နေခဲ့ဖူးတယ်
ဘဝဆိုတာကို
တည်ငြိမ်တတ်မယ် ထင်မှတ်လို့
ဂရုမမူပဲ နေခဲ့ဖူးတယ်
နေရာဆိုတာ
သေသူအတွက်တောင်
မတည်မြဲမှန်း သေချာမသိလို့
လျစ်လျူရှုကာ နေခဲ့ဖူးတယ်
နောင်တဆိုတာ
နှောင်းမှ တ တတ်မှန်း
အခုမှ တကယ်
သိခဲ့ရတယ်..
အော်..
ခုတော့..
ဘဝဟာ.. ကမ်းနားသစ်ပင်လိုပါလား..
ကေပိုး
10:15 AM.
6.12.2012.
Subscribe to:
Post Comments (Atom)
အင်း .. အချိန်အခါ မရွေး ပျက်စီးနိုင်တာပဲ..
ReplyDeleteမှန်တာပေါ့ ကေ
ချစ်တဲ့
ဝသုန်
တိုက်ဆိုင်ပြီးလို့ ကြိုက်ခဲ့တယ် အဲတာလေးကိုလေ.......
ReplyDelete(
ပြောင်းလဲခြင်းကို
မဖြစ်နိုင်ဘူး ထင်မှတ်လို့
မေ့လျော့ထားကာ နေခဲ့ဖူးတယ်
ဘဝဆိုတာကို
တည်ငြိမ်တတ်မယ် ထင်မှတ်လို့
ဂရုမမူပဲ နေခဲ့ဖူးတယ်)
ချစ်တဲ့ jasmine
ပြောင်းလဲခြင်းကို
ReplyDeleteမဖြစ်နိုင်ဘူး ထင်မှတ်လို့
မေ့လျော့ထားကာ နေခဲ့ဖူးတယ်
ကဗျာလေးတကယ့်ကို အနှစ်သာရပြည့်ဝပါပေတယ် ။
လာရောက်အားပေးလို့.. ကျေးဇူးပါ. အကိုတို့ အမတို့ရေ..
ReplyDelete