Pages

Tuesday 4 December 2012

နွေ

ရိုးတံကျဲတဲ့ ပင်အိုထက်က
ကျေးငှက်တွေကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..

ခမ်းခြောက်ရေမဲ့ ကန္တာရထဲ
သက်ရှင်သူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..

ဒဏ်ရာအတိ နက်ရှိုင်းမှုထဲ
ငြီးတွားသူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..

သစ်ဝါးရိပ်မဲ့ တလင်းပြင်ထဲ
ခရီးသွားသူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..

ထီးတည်းတည်ရာ ကမ်းနံရံက
ပေါက်ရောက်သူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..

ခါးသီးမှုစွဲ စိတ်ခန္ဓာထဲ
နာကျင်သူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..

အော်.. နွေဟာ ပူပြင်းလွန်းတယ်တဲ့..

(ဆောင်းဝင်စ ဒီဇင်ဘာထဲ ရေးဖွဲ့သည်)



 

ကေပိုး
11:45 AM.
4.12.2012.

4 comments:

  1. ပူပြင်လွန်းတဲ့နွေအကြောင်းလေးကို
    ဒီဇင်ဘာမှာ ဖတ်လိုက်ရတယ်....ဒီမှာလဲ ပူနေတယ်(မလေးရှား)
    ကေရေ.........မွမွ...

    ReplyDelete
  2. နွေရဲ့အပူ
    ထပ်တူထပ်မျှ
    ရရှိခံစား
    သူနားမလည်
    သောကနယ်မှာ
    ငါလည်း .. ခရီးနှင်ပြီ .. ကေ ...

    ReplyDelete
  3. ဟုတ်ကဲ့.. မမစံပယ်ရေ..
    ရန်ကုန်လဲ ပူတယ်ရှင့်...


    ပျိုးရေ..

    အားတင်းဟာ..
    ဘာပဲပြောပြော.. နင့်ဘေးမှာ ငါတို့တွေ ရှိနေတယ်..

    ReplyDelete
  4. ကျေးဇူးပါ ကေ .. ခု ထပ်လာဖတ်တယ် .. နင့်ကဗျာလေးကို သဘောကျလို့လေ..

    ReplyDelete