Pages

Thursday 29 August 2013

ကျေနပ်လိုက်


ခွက်ထိုးခွက်လန်ပါပဲ..
လက်လွတ်ခွက်ကျွတ်ပါပဲ..
တခါတခါ ရီရတဲ့ဟာသတွေရယ်..


ပဲကြီး အီးပြန်လှန်ပါပဲ..
ငါ့စကား နွားရပါပဲ..
တော်ပါ့ ရီရတဲ့ဟာသတွေရယ်..



အရင်ရေး မှန်တဲ့လောကပါပဲ..
အဖြစ်က မနှစ်နဲ့ မတူပါပဲ..
တကယ်ပါ့ ရီရတဲ့ဟာသတွေရယ်..


ကျနော်လေ..
ခလုတ်ထိမှ အမိ မ တ ပါဘူး..
ရင်နာရမှ မငိုချင်ပါဘူး..
ဖြစ်ပါစေ.. ဖြစ်စေချင်တဲ့အတိုင်း..
မျောရင်း.. မျှောရင်း လိုက်သွားလိုက်မယ်..
အကုန် စိတ်ကျေနပ်စေကွယ်... ။


ကေပိုး
1:00PM.
29.8.2013.

No comments:

Post a Comment