နွေးထွေးရာ .. အေးမြရာ.. နားခိုရာ... ပျော်ရွှင်ရာတွေ အားလုံး စုထားတဲ့
နေရာလေးတစ်ခုက.. အိမ် တဲ့... ကျနော့်မှာ.. အဲဒီလို အိမ်ကလေးတစ်လုံး
ရှိပါတယ်.. ရှိခဲ့ပါတယ်.. ရှိနေပါတယ်.. ဒါပေမဲ့.. အဲဒီ အိမ်ကလေးဟာ..
ကျနော့်အပိုင် မဟုတ်ခဲ့ပါဘူး.. စည်းစနစ်နဲ့ အနွေးထွေးဆုံး
အပမ်းပြေနားခိုရာဖြစ်ဖို့.. ရှိစုမဲ့စုတွေ ခြစ်ချုပ်လို့..
တည်ဆောက်ခဲ့တဲ့.. ကျနော့်မိဘရဲ့ အိမ်ကလေးပါ..
ဟိုး..
ငယ်ငယ်တုန်းက.. ကျနော် မှတ်မိနေသေးတယ်.. သူများအိမ်မှာ..
ငှားရမ်းနေခဲ့ရတုန်းကပေါ့.. ကိုယ်က ဘယ်လောက်၊ ဘယ်လို ပိုက်ဆံတွေ ပေးပြီး..
ငှားနေဦးပစေ.. အိမ်ရှင်ဆိုတဲ့ မျက်နှာက.. ကျနော်တို့လို
အိမ်ငှားတွေအတွက်.. ဘုရားတစ်ဆူနီးနီး ကိုးကွယ်ခဲ့ရတယ်.. ကိုယ်တွေ
တွေ့ခဲ့တဲ့ အိမ်ရှင်တွေက.. ဆိုးဆိုးရွားရွား တစ်ယောက်မှ မပါခဲ့ပေမဲ့..
ကျနော့်အချစ်ဆုံးဖခင်ကတော့.. ငါ့အတွက်.. ငါ့မိသားစုအတွက်.. နားခိုရာ
အနွေးထွေးဆုံး အိမ်ကလေးတစ်လုံး အပိုင် ရှိသင့်တယ်လို့.. တွက်ချက် ခဲ့တယ်..
တွက်ချက်ခဲ့သလိုပဲ.. အပင်ပန်းးခံ၊ အဆင်းရဲခံ.. ရှာဖွေရသမျှကို
စုဆောင်းခဲ့တယ်..