Pages

Thursday 17 April 2014

ဟိုးဝေးဝေးက သင်္ကြန်ဆီ




ကိုကို
..

မိုး ချစ်တာ  မသိဘူးလား ကိုကိုရယ်..
မိုး ..ကိုကို့ကို ချစ်ခဲ့တာ .. ကိုကို လုံးဝ မသိခဲ့ဘူးလား...





အတာကူးတဲ့ တန်ခူးလတိုင်း.. အဝေးက လွင့်ပျံလာတဲ့ သင်္ကြန်သီချင်းတွေ.... .. .... ဒီသီချင်းတွေ ကြားရင်.. တစ်ယောက်သောသူ. ငယ်ကျွမ်းဆွေကို  မိုး သိပ်လွမ်းခဲ့တယ်..


ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းဆွေက.. ဟိုး ငယ်စဉ်ကတည်းက မိုး ရဲ့ အိပ်မက်တွေကို စိုးမိုးနိုင်ခဲ့တယ်.. မိုး က .. ဘယ်လောက်တမ်းတ.. တမ်းတ.. မိန်းကလေးတစ်ယောက်က .. ယောကျာ်းလေးတစ်ယောက်ကို စိတ်ဝင်စားတယ်ဆိုကတည်းက.. မိုး ရဲ့ ငယ်ကျွမ်းဟာ.. မိုး ကို ဘယ်လိုမှ အသိအမှတ် မပြုတော့တာပါပဲ..


အတူသွား၊ အတူစား.. ငယ်က ကျွမ်းမို့.. မခွဲအတူ ရှိနေခဲ့တာတွေဟာ.. မိုး အတွက်.. အမြဲလိုလို သတိရစရာတွေပေါ့ ကိုကို..


ပိုဆိုးခဲ့တာက.. ဒီလို ငယ်ဘဝတွေထဲမှာမှ.. မိုး အတွက် အမြဲတမ်း အမှတ်တရ ရှိနေတာက.. သင်္ကြန်တွေပေါ့ ကိုကို ရယ်...



နှစ်စဉ်တိုင်းရဲ့ သင်္ကြန်မှာ.. ကိုကို နဲ့ အတူ.. သွားလာ လည်ပတ်ခဲ့တာတွေဟာ.. တကယ်ဆို.. သမားရိုးကျ ဖြစ်စဉ်တွေလိုပါပဲ..



ညီမတစ်ယောက်ကို .. အကို တစ်ယောက်က .. သာမန်ဂရုစိုက်မှုတစ်ခုကိုသာ ပေးခဲ့ပေမယ့်.. လက်ခံယူတဲ့ မိုး က.. ကိုယ့်အပေါ် မေတ္တာတွေ အပုံလိုက် ပေးခံရသလိုလို.. ပျော်ရွှင်ခဲ့စဉ်မှာ..  ဒီညီမတစ်ယောက်ကိုပဲ.. အထင်သေးသော မျက်လုံးများနဲ့ ကိုကို စိုက်ကြည့်ခဲ့တယ်..



တကယ်တော့.. သစ်ရွက်လှုပ်တာကိုမှ.. ရီမောတတ်စ အရွယ်မှာပဲ.. ဖြစ်ပေါ်လာတဲ့ သံယောဇဉ်ကို.. တုတ်နဲ့ ရိုက်သတ်ရန် ကြံတဲ့သူက.. မိုး ရဲ့ ငယ်ကျွမ်းဆွေရယ်ပေါ့..



 မိုး.. ငါတို့နဲ့ အတူ လိုက်လည်မှာ ဟုတ် လို့ ပြောလာတဲ့ ကိုကို့စကားကို.. အမြဲတမ်း ခေါင်းတွေ ငြိမ့်လို့.. ကိုကို က .. ငါ့ကို မေ့မထားဘူးလို့.. ပျော်ရွှင်ခဲ့ရတဲ့ သင်္ကြန်တစ်ရက်..


အလှဆုံး မဟုတ်တောင်.. တတ်နိုင်သလောက် အလှတွေ ပြင်လို့.. ကိုကို နဲ့အတူ .. သူငယ်ချင်းတွေ၊ မောင်နှမတွေ အတူတူ လျှောက်လည်ကြတဲ့ ဒီကားပေါ်မှာ.. စစချင်းတော့.. မိုး လောက် ပျော်သူ ဒီကမ္ဘာမှာ မရှိသလိုလို...



သိပ်မကြာခင်မှာပဲ.. မိုး တို့ကားပေါ် တက်လာတဲ့ ကောင်မလေး လှလှလေးတစ်ယောက်ကြောင့်.. မျက်စိလေး တလည်လည် ဖြစ်ခဲ့ရတဲ့ မိုး.. ငါ့ကောင်မလေးလေလို့.. ပြောလာတဲ့ ကိုကို့ စကားမှာတင်.. မျက်နှာ မဖော်ဝံ့အောင် ကျဆုံးခဲ့ရတယ်..



အဲဒီနောက်တော့.. မျက်စိရှေ့က.. စုံတွဲလေးတစ်တွဲကို ကြည့်ရင်း..  ခပ်ကြမ်းကြမ်း ဝင်လာတဲ့ ရေလုံးရေခဲ ဒဏ်တွေကို တစ်ယောက်ထဲ ကြိတ်မှိတ် ခံရင်း.. မျက်စိရှေ့က.. အလွန့် အလွန် ချစ်ပြ၊ ဂရုစိုက်ပြနေသော.. ချစ်စရာ စုံတွဲလေးကို ကြည့်ရင်း.. ပါလာတဲ့ သဘက်စောင်ကို ခေါင်းမြီးခြုံရင်း.. မျက်နှာပေါ်ကျလာတဲ့ ရေတွေနဲ့အတူ မျက်ရည် ခိုးကျရင်း...



ဒီလိုနဲ့ .. လွန်လေပြီးသော.. ဆယ်စုနှစ်တစ်ခုက.. သင်္ကြန်တစ်ရက်မှာ.. မိုး ရဲ့ ငယ်ကျွမ်းဆွေအပေါ် ပြောင်းလဲစွာ ခံစားလာမှုကို.. မိုး ရဲ့ ချစ်လှစွာသော ငယ်ကျွမ်းကပဲ.. ခေါင်းမဖော်ဝံ့အောင် ရိုက်သတ်လို့.. သမားရိုးကျ သင်္ကြန်တွေထဲ.. သင်္ကြန်တွင်းရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို.. မိုး... ပြန်တမ်းတအောင်းမေ့ရင်း....




ကေပိုး
9:00 PM.
17.4.2014.

(ပုံအား http://www.google.com/imgres?imgurl=http%3A%2F%2Fapi.ning.com%2Ffiles%2FNdIAPaUFoY24C75oujDhrEAJE8jAHZr21c2nzrId0l-LDJA3nAAaUEHCmkqsGjUmw2YVghJBIlSuSHpWzlOkpAAcXHtlU*1N%2FDSC05895.JPG&imgrefurl=http%3A%2F%2Fwww.shwemyotaw.com%2Fforum%2Ftopics%2F5442636%3ATopic%3A4050597&h=1200&w=1600&tbnid=oAnYkuPQ5Ux_BM%3A&zoom=1&docid=69ulkphUKGL_fM&ei=r-xPU4CSE4eIrgePo4CYAQ&tbm=isch&ved=0CFUQMygBMAE&iact=rc&uact=3&dur=765&page=1&start=0&ndsp=15&biw=1252&bih=584 မှ ကူးယူသုံးစွဲထားပါသည်)

No comments:

Post a Comment