Pages

Tuesday 21 January 2014

အရုပ်သည်







ကလေးတုန်းက.. မှတ်မှတ်ရရအိမ်ရှေ့လာတဲ့ အရုပ်သည်ကြီးတွေကို မြင်ရင်
လိုချင်စိတ်နဲ့ ငိုယိုအော်ဟစ်ပြီးတောင်းဆိုခဲ့ဖူးတယ်
ကလေးဆိုတာ အရုပ်ကြိုက်တဲ့လူမျိုးလို့.. ဘယ်အချိန်က သတ်မှတ်ခဲ့လဲ မသိခဲ့ဘူး..


ခဏ ခဏ တောင်းဆိုတာ များလာတော့.. မိဘ  ဆူပူ အရိပ်အကဲကြောင့်
တပ်မက်စိတ်ကို ကြောက်စိတ်ထိန်းလို့ ခပ်ယို့ယို့ပဲ နေခဲ့ရပြန်တယ်..
ဆူပူတယ်ဆိုတာ ကလေးတွေကိုထိန်းကြောင်းမှုမှန်း အဲဒီတုန်းက မသိခဲ့ဘူး..


သိတတ်စမှာ တွေ့ခဲ့ဖူးတဲ့ အစုတ်အပြတ်လဲ အရုပ်သည်မျိုး ထပ်တွေ့ပြန်တော့
သွားသွားငေးရင်း လိုချင်စိတ်ကဖြစ်ရပြန်တယ်..
ဟိုအရုပ်ကလေးလည်း လှလို့..ဒီအရုပ်ကလေးလည်း လှလို့..