လိုချင်စိတ်နဲ့ ငိုယိုအော်ဟစ်ပြီးတောင်းဆိုခဲ့ဖူးတယ်
ကလေးဆိုတာ အရုပ်ကြိုက်တဲ့လူမျိုးလို့.. ဘယ်အချိန်က သတ်မှတ်ခဲ့လဲ မသိခဲ့ဘူး..
ခဏ ခဏ တောင်းဆိုတာ များလာတော့.. မိဘ ဆူပူ အရိပ်အကဲကြောင့်
တပ်မက်စိတ်ကို ကြောက်စိတ်ထိန်းလို့ ခပ်ယို့ယို့ပဲ နေခဲ့ရပြန်တယ်..
ဆူပူတယ်ဆိုတာ ကလေးတွေကိုထိန်းကြောင်းမှုမှန်း အဲဒီတုန်းက မသိခဲ့ဘူး..
သိတတ်စမှာ တွေ့ခဲ့ဖူးတဲ့ အစုတ်အပြတ်လဲ အရုပ်သည်မျိုး ထပ်တွေ့ပြန်တော့
သွားသွားငေးရင်း လိုချင်စိတ်ကဖြစ်ရပြန်တယ်..
ဟိုအရုပ်ကလေးလည်း လှလို့..ဒီအရုပ်ကလေးလည်း လှလို့..
ရှိတဲ့ မုန့်ဖိုး ကုပ်ကပ်စုလည်း..လိုချင်တဲ့ အရုပ် မရတာမို့..
အိမ်က မိဘ ခွင့်တောင်းကာမှ..အိုးစုတ်ခွက်စုတ်.. စုဆောင်းလဲလှယ်
ရလိုတာကို ရရှိနိုင်အောင်ကြံဆောင်ခဲ့တယ်..
ဒီလိုနဲ့ပဲ .. ကိုယ့်ရဲ့လိုအင်ပြည့်ဝစေဖို့.. စိတ်ဆန္ဒကို ဖြည့်ဆည်းစေတယ်..
နောက်ပိုင်းများတော့.. လူသားမှန်ရင်.. အတ္တမကင်းမို့..
လိုရာတိုင်းကို ကြိုးစားဆောင်ရွက်ဖြည့်တင်းခဲ့တယ်..
ခုတလောများ .. ထိုအရုပ်သည်မျိုး..တွေ့များတွေ့ရင်..
ငယ်စဉ်တုန်းလို.. လိုချင်စိတ်များဖြစ်လေမလားလို့.. တွေးမိပြန်တယ်..
လွမ်းမိပါရဲ့ အရုပ်သည်ရယ်..
ကေပိုး
12:30 PM.
21..2014.
ပုံအား မမခင်ဦးမေဘလော့မှ ကူးယူပါ၏.
(http://khinoomay77.blogspot.com/2010/04/yangon-3.html)
12:30 PM.
21..2014.
ပုံအား မမခင်ဦးမေဘလော့မှ ကူးယူပါ၏.
(http://khinoomay77.blogspot.com/2010/04/yangon-3.html)
No comments:
Post a Comment