Pages

Monday 30 December 2013

The Journey of My Colourful Tolly



ဒီအချိန် သူများတွေလည်း ဒါပဲ ရေးမှာပဲ.. ကိုယ်ကိုယ်တိုင်လည်း ဒါပဲ ရေးမှာပဲ.. ထူးမခြားနား လူ့လောက ကတော့.. ဒါတွေနဲ့.. ဒါပြီး ဒါပြန်တွေနဲ့… ဒီလိုပဲ သူလိုကိုယ်လို အတွေးတွေနဲ့ ပျံ့ကြဲရင်း.. ကျနော်လည်း လူ့မနောထဲ စီးဝင်လို့.. ဒီအကြောင်းပဲ ထပ်ရေးမိပြန်တယ်…


၂၀၁၃ မှသည် ၂၀၁၄ ဆီသို့လို့ပဲ.. ခေါင်းစဉ်တပ်ရမလား.. ဘယ်လို ခေါင်းစဉ် တပ်ရမလဲ.. သူများတွေလို ဘာတွေ ထည့်ရေးရင် ကောင်းမလဲ.. ဘယ်လို စာတွေ စီရင်ကောင်းမလဲဆိုတာတွေ ပြည့်နှက်လို့.. ကိုယ်ရေးတဲ့ စာတစ်ပုဒ်.. လှစေချင်ခဲ့တာတော့ အမှန်ပါ..


မနက်ဖြန်၊ သဘက်ခါဆို ၂၀၁၄ ကူးပြောင်းပြီဆိုတဲ့ အတွေးက.. တခါတခါကျ.. ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ပြန်သတိရစေပြန်တယ်.. ဒါပေမဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ၂၀၁၃ ကိုတောင် သေချာမမှတ်မိတဲ့ ဒီဦးနှောက်က မိုက်ရူးရဲစွာ ၂၀၁၄ ကို ကျော်ဖြတ်ဖို့ အဆင်သင့် ရှိနေခဲ့ပြန်တယ်..



၂၀၁၃ မှာ ဘာတွေ ကြုံတွေ့ခဲ့လဲ ??.. ၂၀၁၃ မှာ ဘာတွေ ခံစားခဲ့လဲ ??… ၂၀၁၃ မှာ ဘာတွေ ပြောင်းလဲခဲ့လဲ ??… ဖြတ်လာခဲ့တဲ့ ၂၀၁၃ ကို ပြန်တွေးကြည့်တော့… ဘ၀ရဲ့ တချို့အရာတွေ ပြောင်းလဲခဲ့သား.. ၂၀၁၃ စ၀င်ဝင်ခြင်းမှာ.. သမားရိုးကျ နေထိုင်နေတဲ့ ဖြစ်စဉ်တစ်ခုကနေ.. ရုန်းကန်ရတဲ့ အခြေအနေတစ်ခုကို .. မီးပုံထဲ ခုန်ဆင်းသလို.. ဟုတ်ခနဲ ပြောင်းလဲခဲ့ရတာကို ပြန်အမှတ်ရမိတယ်.. အဲဒီအချိန်ကတော့.. ကျနော့်အတွက် စိတ်ထဲမှာရော.. အပြင်လက်တွေ့မှာပါ.. ငရဲကျသလို.. နေ့စဉ်နှင့်အမျှ .. စိတ်ဓာတ်တွေကျလို့… ဘ၀ကို စိတ်မကုန်ခဲ့ရင်တောင်.. နေထိုင်ချင်စိတ် ကင်းမဲ့လို့ နေခဲ့တယ်..


အဲဒီလိုအချိန်တွေကို.. အခု ပြန်စဉ်းစားကြည့်တော့.. ဘာမှမဟုတ်တဲ့ .. ခပ်ပါးပါး တိမ်သလ္လာတွေလိုပါပဲ.. အခက်အခဲနဲ့ ရင်ဆိုင်နေရတုန်းတော့.. ဘဝက ညစ်ညူးစိတ်တွေ ပြည့်တင်းလို့.. ရင်ဆိုင်ချင်စိတ်တွေ ကုန်ခမ်းလို့.. ဒါပေမယ့် အဲဒီအခက်အခဲတွေကို ကျော်လွှားပြီးတဲ့အချိန်မှာတော့.. ကိုယ်ကြုံတွေ့ခဲ့တဲ့ အခက်အခဲက.. ကိုယ့်အတွက်.. ကိုယ့်ဘ၀အတွက်.. ဘာမှ မပြောပလောက်အောင်ဆိုတာ.. သေချာသိခဲ့တယ်..


သေချာတာက.. အဲဒီအခက်အခဲကို ကျော်လွှားခဲ့ပြီးနောက်မှာ.. ကျနော့်အတွက်.. ဘာကျန်ခဲ့လည်းဆိုတော့.. ရဲရင့်ခြင်းတချို့နဲ့.. အတွေ့အကြုံတချို့ပဲ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာတယ်.. ဘ၀ထဲကို တိုးဝင်ရဲလာတယ်.. ရဲဝင့်ခြင်းတွေ ရှိလာခဲ့တယ်.. အခုတော့ အခက်အခဲဆိုတာကို .. ကျနော် ကြောက်ရွံ့တန်သလောက်.. ကြောက်ရွံ့ပေမယ့်.. အဲဒီအခက်အခဲတွေ ကျော်ဖြတ်ပြီးရင် .. ရလာမယ့် အတွေ့အကြုံတွေ မက်မောတတ်လာခဲ့တယ်.. ဒီလိုနဲ့ အခက်အခဲတွေကို .. ကျနော် နှစ်ခြိုက်တတ်လာ ခဲ့တယ်..



၂၀၁၃ ရဲ့ နောက်ထပ် မှတ်တိုင်တစ်ခုက.. ကျနော့်အတွက်.. ကျနော့်မိသားစုအတွက်.. နှစ်ကုန်ခါနီးမှ ရလာတဲ့.. ဘုရားပေးတဲ့ လက်ဆောင်လေးတစ်ခု.. သေချာပါတယ်.. အဲဒီလက်ဆောင်လေးတစ်ခုကတော့.. တကယ့်ကို ဘုရားပေးတဲ့ ချစ်စရာအကောင်းဆုံး.. အလှပဆုံး လက်ဆောင်လေးတစ်ခုပါပဲ.. အဲဒါကတော့.. ကျနော်တို့မိသားစုအတွက် မျိုးဆက်ကလေးဖြစ်တဲ့ အကိုအရင်းရဲ့သမီး.. ကျနော့်တူမလေး.. လူ့လောကထဲ ရောက်လာတာပါပဲ..


ကလေးငတ်နေတဲ့ ကျနော်တို့မိသားစု.. မျိုးဆက် မရှိသေးတဲ့ ကျနော်တို့ မိသားစုအတွက်.. ဘုရားပေးတဲ့ လက်ဆောင်က.. အရမ်းကို ချိုမြိန်လွန်းလှတယ်.. တစ်မိသားစုလုံးမကပဲ.. အပေါင်းအသင်း၊ မိတ်ဆွေကပါ ချစ်တဲ့.. တူမကလေးက.. ၂၀၁၃ နှစ်ကုန်ရဲ့ အကြီးမားဆုံး လက်ဆောင်တစ်ခုဖြစ်ခဲ့ပြန်တယ်.. ဒီလိုနဲ့ ၂၀၁၃ ကို .. ကျနော် ချစ်မိတယ်..


၂၀၁၃ ကြီး လက်ပြနှုတ်ဆက်ဖို့ ကြံတော့.. အရင်ဆုံးတွေးမိတာ.. ၂၀၁၄ မှာ.. ငါ ဘာတွေ ဖြစ်နိုင်လဲ ဆိုတာပါပဲ.. ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထားလို့.. ဖြစ်ချင်တာတွေ စီချကြည့်တော့.. အပြောင်းအလဲတွေ တန်းစီလို့နေပြန်တယ်.. ကြိမ်းသေတာက.. ၂၀၁၄ မှာ.. (၅) နှစ်တာ သယ်ပိုးထားတဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခု.. ပစ်ချခွင့်ရတော့မယ်.. အဲဒီအတွက် အတော်လေးကို ၀မ်းသာကျေနပ်မိတယ်.. အချိန်တွေပေး.. ငွေတွေ အကုန်ခံလို့.. သယ်ပိုးထားရတဲ့ ၀န်ထုပ်အတွက်.. တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး .. ပစ်ချခွင့်ရအောင် ကြိုးစားဖို့အတွက် .. စိတ်ကို အရာရာ ပြင်ဆင်ထားမိတယ်..



နောက်တစ်ခုက.. အဲဒီဝန်ထုပ်ကြီးသာ မရှိတော့ဘူးဆိုရင်.. လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေအတွက် အချိန်တွေ ပေးလို့.. ရှေ့ဆက်လျှောက်မယ့် ဘ၀တစ်ခုကို.. အလှပဆုံးဖြစ်အောင် ပုံဖော်ဖို့ ကြိုးစားချင်ပြန်တယ်.. လူကြားထဲက လူ ဆိုတဲ့ စကားကို မကြိုက်တာမို့.. လူကြားထဲက သာမန်လူတစ်ယောက် မဖြစ်အောင်.. ဘ၀ကို ပုံသွင်းဖို့.. စိတ်ဆန္ဒ ပြင်းပြပြန်တယ်.. အရာရာကို ပြောင်းလဲခြင်း.. ရုန်းကန်ခြင်း.. ကြိုးစားခြင်းတွေနဲ့ ရှင်သန်ဖို့ တွေးနေမိတယ်..



ဒီလိုနဲ့.. လာမယ့် ၂၀၁၄ အတွက်.. လူမှုရေး၊ စီးပွားရေး၊ နေထိုင်ပုံကအစ.. စိတ်ထားအချို့အထိ ပြောင်းလဲဖို့.. တွေးနေမိတယ်.. ဘာပဲပြောပြော.. ၂၀၁၄ မှာ.. ဘ၀အတွက်… တစ်ခုခု ပြောင်းလဲချင်စိတ် ပြင်းပြမိနေတယ်.. ပုံသေ ၊ ပုံမှန်ဖြစ်နေတဲ့ ဘ၀ကနေ.. နေရာတစ်နေရာ သတ်သတ်မှတ်မှတ် ဖြစ်ချင်စိတ်တွေ ပြင်းပြရင်း.. ထိုင်ခုံအဟောင်းကို ဖယ်ပြီး.. ကိုယ်ကိုယ်တိုင် သတ်မှတ်ခွင့်ရတဲ့.. ထိုင်ခုံအသစ်တစ်ခုဆီကို ရွေ့ချင်စိတ်တွေ ပြင်းပြလျက်… Hello 2014 လို့.. တက်ကြွတဲ့ စိတ်နဲ့ နှုတ်ဆက်လို့ နေချင်ပြန်တယ်…


ကိုင်း.. အဲဒီတော့… နှုတ်ဆက်ပါတယ် ..

မင်္ဂလာပါ ၂၀၁၄ … Goodbye 2013 !!!....





ကေပိုး
4:15 PM
30.12.2013.

1 comment:

  1. ကိုယ်ထမ်းပိုးထားရတဲ့ ၀န်ထုပ်တွေဖြုတ်ချလို့
    အလှပဆုံး ပြန်စလိုက်ပါ
    ဒါဟာ 2014 ဖြစ်တယ် ။
့ပျော်ရွှင်စကောင်းသော နှစ်သစ်ဖြစ်ပါစေ ။

    ReplyDelete