Pages

Saturday 21 December 2013

ပျော်ရွှင်စရာ တစ်လပြည့်မွေးနေ့လေးပါ သမီးငယ်


ဘာလိုလိုနဲ့.. တစ်ရက်ပြီး တစ်ရက် ကုန်လွန်လာတာ.. ကျွန်မချစ်သော သမီးငယ်.. မနက်ဖြန်ဆို တစ်လသမီးဖြစ်ပြီပဲ.. မနက်ဖြန်အတွက်.. ဒီကနေ့ကတည်းက .. ဟိုတွေး ၊ ဒီတွေး.. သမီးကလေးကို.. အခုအချိန်များ.. သွားတွေ့လိုက်ရရင်ဆိုတဲ့ အတွေး.. ဖျောက်မရနိုင်ပြန်ဘူးလေ..


လွန်ခဲ့တဲ့ တစ်လ.. ဒီလိုအချိန်က.. ဗျာပေါင်းသောင်းခြောက်ထောင် များတဲ့.. မိသားစုကို ကြည့်ပါဆိုရင်.. ကျွန်မတို့တွေပဲ ဖြစ်မယ်ထင်ပါရဲ့... ညီမငယ်ရဲ့ .. နာကျင်လို့ .. ပျက်ယွင်းတဲ့ မျက်နှာနဲ့.. ဘေးက ဝိုင်းဝန်း ပူပန်နေကြတဲ့.. မိသားစုတွေ... ဒီလို လူတွေက.. အချိန်ပြည့် နွေးထွေးစွာ ကြိုဆိုနေတဲ့.. မကြာခင် ရောက်ရှိလာတော့မယ့်.. သမီးငယ်..


ဒီလိုနဲ့ .. မနက်ခင်းရဲ့ စောစောစီးစီးတစ်နေ့မှာ.. သမီးငယ် ရောက်ရှိလို့ လာခဲ့တယ်.. ခွဲမယ်ဟဲ့.. မခွဲလည်း ရသေးတယ်ဟဲ့ဆိုတဲ့.. ချီတုံချတုံ အခြေအနေမှ.. အရာအားလုံး အဆင်ပြေရင်  ခွဲလိုက်ကြမယ်လို့.. ဆုံးဖြတ်ကြပြီး.. ညီမငယ် ခွဲခန်းထဲ ဝင်သွားပြီး သိပ်မကြာတဲ့ ကာလလေးမှာ..  အော်ဟစ်သံလေး ဆူညံစွာပဲ.. ခွဲခန်းထဲမှ.. ထွက်လာခဲ့တာက.. သမီးငယ်..



ပြုံးရွှင်နေတဲ့.. အကို့မျက်နှာ.. ပီတိဖြာနေတဲ့.. အဘွားတွေရဲ့ ရုပ်ရည်.. ပျော်ရွှင်လွန်းတဲ့.. ကျွန်မတို့တတွေ.. ဒီလို မိသားစုထဲ ရောက်လာတဲ့ သမီးငယ်..  စစ ရောက်ရောက်ချင်း.. အဘွားလက်၊ ပြီးတော့ သူ့အဖေဖြစ်သူ အကို့လက်... အဲဒီနောက်တော့.. ကျွန်မလက်ထဲ ရောက်လာရင်းက.. ကလေး ပိစိလေးတွေကို မချီရဲ မကိုင်ရဲတဲ့ ကျွန်မ.. အနှီးထုပ်တတ်အောင်တောင်.. သင်ခဲ့ရတယ်..


အနှီးလေးများ ဖြည်မိရင်.. အာခေါင်ခြစ်မတတ် အော်ငိုတဲ့သမီးငယ်.. ဆေးရုံပေါ်က မဆင်းခင်.. အခေါက်ခေါက်အခါခါ.. ဆေးတွေ လှိမ့်ထိုးရတာမို့.. သမီးအစား.. နာကျင်ရတာက.. ကျွန်မတို့တတွေပေါ့.. ရုပ်တည်နဲ့ နေတတ်သူ.. သမီးငယ်ရဲ့ ဦးလေးတောင်.. သမီးလေးမျက်နှာကို မြင်တိုင်း.. ပြုံးပြုံး ပြုံးပြုံး ဖြစ်အောင်. သမီးက ဖမ်းစားလွန်းခဲ့တယ်..


ဒီလိုနဲ့.. သမီးရဲ့.. မျက်နှာကို အရိပ်တကြည့်ကြည့်.. ကြည့်ရင်း.. သမီးလေး.. လိုအပ်တာ.. သမီးလေးအတွက်ဆိုတာတွေ.. တွေးလို့.. ရှေ့ရေးကို တွေးပူမိတာက.. မိဘဖြစ်သူတွေထက်တောင်.. ပိုခဲ့မလား.. သမီးဟာ.. ကျွန်မတို့ရဲ့ ပထမဆုံး မျိုးဆက်လေးရယ်ပေါ့လေ... ဒီလိုနဲ့.. အချိန်တွေ တရွေ့ရွေ့ စီးဆင်းလာခဲ့တာဟာ.. အခုဆို.. တစ်လ ပြည့်ခဲ့ပါပြီ.. သမီးလေး .. လူ့လောကထဲ ရောက်ခဲ့တာ.. တစ်လ ပြည့်ခဲ့ပါပြီ..


စ မွေးလာသည်မှ .. လူချစ်လူခင် ပေါများသော.. သမီးငယ်.. မွေးခါစကလို မဟုတ်တော့ပဲ.. သန္ဓေကောင်းစွာ.. ငိုခြင်း နည်းပါးလို့.. အနေအေးသတဲ့.. အလုပ်ခွင် ကိုယ်စီမှာ.. တာဝန်တွေ ထမ်းဆောင်ရင်းမို့.. အဝေးဆီက သမီးငယ်ဆီ.. အရောက်အပေါက် နည်းလို့.. အဝေးကပဲ လှမ်းချစ်ရတဲ့ ကျွန်မ.. မနက်ဖြန် (၂၂.၁၂.၂၀၁၃)ရဲ့.. သမီးတစ်လပြည့် မွေးနေ့လေးမှာ.. သမီးငယ်အနား ရှိချင်စိတ် ဖြစ်ပေါ်လို့.. သမီးလေး... ဘဝတစ်လျှောက်လုံး.. မိဘ၊ မောင်နှမနဲ့.. မိသားစုကြား.. လိမ္မာသော၊ အောင်မြင်သော၊ တာဝန်ကျေသော.. သမီးကောင်းရတနာ ဖြစ်ပါစေလို့ ဆုတောင်းရင်း..





ကေပိုး
21.12.2013
6:50 PM.

2 comments:

  1. တစ်လပြည့် မွေးနေ့လေးမှသည်
    နောင်နှစ်ပေါင်းများစွာ တိုင်အောင်
    အေးချမ်းသာယာစွာ လျှောက်လှမ်းနိုင်သော သူလေးဖြစ်ပါစေ ....။



    မင်းဧရာ

    ReplyDelete
    Replies
    1. ကျေးဇူးပါ အကို မင်းဧရာ

      Delete