နွေကို နှုတ်ဆက်.. မိုး ဝင်ရောက်လာတဲ့
ဒီလိုအချိန်ဟာ လွမ်းမောစရာ ရှိခဲ့ဖူးသူအတွက်တော့ အလွမ်းတွေကို ပံ့ပိုးပေးနေသလိုပင်..
မေ တဲ့.. နွေရဲ့ နောက်ဆုံးလပေါ့.. မှတ်မှတ်သားသားပါပဲ.. ရာသီဥတု နှစ်မျိုးနဲ့ လရယ်လို့
မှတ်သားဖူးခဲ့တယ်.. လဆန်းမှာ အလွန်ပူပြင်းသလောက် လကုန်ပိုင်းမှာ အလွန်စွတ်စိုအေးချမ်းတဲ့
ရာသီဆီ ကူးပြောင်းတာမျိုးပေါ့.. ထူးထူးခြားခြား ဒီ မေ မှာ မုန်တိုင်းတွေလဲ ဖြစ်တတ်သတဲ့..
သဘာဝက တိုက်လာတဲ့ မုန်တိုင်းက ကိုယ်တို့ လူသားတိုင်းကို
ထိခိုက်ဆုံးရှုံးမှုတွေ ရရှိစေခဲ့သလိုမျိုး ကိုယ့်အပေါ်မှ ထူးထူးခြားခြား တိုက်ခတ်လာတဲ့
မုန်တိုင်းတစ်ခုကလဲ ကိုယ့်ရင်ကို ဗလောင်ဆူစေခဲ့တာ ကြာခဲ့ပါပြီ.. မေလ ရယ်လို့ ရောက်လာခဲ့ရင်
ကိုယ့်ရင်ဆီက မျှော်လင့်ထားတဲ့ အရာတစ်ခု ကိုယ့်ဆီ ရောက်လာမယ်နေ့ရက်အချိန်လေးကို ဟိုးခပ်စောစောကာလတွေကတည်းက
ကိုယ်မျှော်နေခဲ့မိတယ်..