Pages

Monday 21 May 2012

လွဲချက်ရယ်တဲ့ ကမ်းကုန်..


သူများတွေ လွဲတာတွေ လိုက်ဖတ်နေရတာ ကြည့်ပြီး အားကျလို့ ငါ ဘာလွဲဖူးသေးလဲလို့ တော်တော် စဉ်းစားလိုက်ရတယ်..

ဟိဟိ..
ဒေါ်ကေပိုးတို့လဲ ခေတ်မီမီ တော်တော်ကြီးကြီးကျယ်ကျယ် လွဲဖူးသားပဲ..

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ထင်ပါရဲ့.. ဒေါ်ကေပိုးတစ်ယောက်လူသိရှင်ကြား အရှက်တကွဲ လွဲဖူးတယ်လေ.. ဒေါ်ကေပိုးမေမေရယ်ပေါ့.. အိမ်မှာ ရေချိုးခန်း ရှိရက်နဲ့ ရေချိုးခန်းမှာ ရေမချိုးဘူး.. နောက်ဖေး ရေကပြင်မှာ ရေထွက်ထွက်ချိုးတယ်လေ.. မိုးတွင်းမို့ ရေကပြင်မှာ ရေညှိနည်းနည်း ရှိနေတာကို သတိမပြုမိပဲ ချော်လဲပါရောလား.. ချော်လဲတာမှ နှုတ်ခမ်းကို ၁ လက်မကျော်ကျော်မက ကွဲတဲ့အထိပဲ.. သွေးတွေ အရမ်းထွက်လာလို့ နောက်ဆုံး အနီးနားမှာရှိတဲ့ ပုဂ္ဂလိကဆေးခန်းတစ်ခုကို ပြေးရပါရောလေ.. အဲဒီတုန်းက ဖေဖေလဲ သက်ရှိထင်ရှား ရှိနေသေးတယ်.. ဖေဖေက ကိစ္စရှိလို့ အပြင်ခဏသွားနေတာနဲ့ ဒေါ်ကေပိုးလဲ မေမေ့ကို ကားမောင်းပြီး ဆေးခန်းလိုက်ပို့ရတယ်ပေါ့.. ဆေးခန်းရောက်တော့ မေမေနဲ့အတူ အခန်းထဲ ဝင်လိုက်လာမိတယ်.. ဖြစ်ချင်ပြန်တော့ အဲ့ဒီအချိန် ဆေးခန်းမှာ နာ့စ်မလေးတွေ မအားကြတဲ့အချိန်မို့.. ချုပ်ပေးမဲ့ ဆရာဝန်က ဒေါ်ကေပိုးကို အားကိုးတကြီး ပါးစပ်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးပေးဖို့ ပြောလာပါတယ်.. အခန်းထဲမှာလဲ ဆရာဝန်ရယ်၊ နာ့စ်မတစ်ယောက်ရယ် ရှိနေတာမို့ နောက်တစ်ခြားတစ်ယောက် မခေါ်ချင်တော့တာလဲ နေမယ်ထင်ပါရဲ့.. သတ္တိခဲကြီး၊ ဗန္ဓုလသွေးပါသူကြီး ဒေါ်ကေပိုး အားရပါးရ ဝမ်းပမ်းတသာပါပဲ.. လက်နှိပ်ဓာတ်မီးကြီးကို ကိုင်ပြီး ချုပ်နေတဲ့ နေရာဆီကို မီးထိုးပြရပါတော့တယ်..


ဘယ်က ဘယ်လိုဖြစ်တယ် မသိပါဘူး.. ဆရာဝန်ရဲ့၊ နာ့စ်မလေးရဲ့ .. ညီမလေး ဒီနေရာကို .. ဒီနေရာကို ဆိုတဲ့ စကားသံတွေ၊ အို.. အို.. ဆိုတဲ့ အာမေဋိတ်သံတွေရဲ့ အဆုံးမှာ ဒေါ်ကေပိုး ဘာမှ မသိတော့ပါဘူး.. ပုံရက်သား လဲကျသွားတာ ၂ မိနစ်လောက် ကြာသွားပါတယ်.. ကွဲသွားတဲ့ ဒဏ်ရာကို ချုပ်နေတဲ့ ဆရာဝန်ရော၊ နာ့စ်မအပြင် နောက်ထပ် နာ့စ်မတွေပါ ရောက်လာပြီး အလုပ်ရှုပ်သွားပါတော့တယ်.. မူးလဲတယ်၊ မေ့လဲတယ်တဲ့လေ.. ဘယ်က ဘယ်လို သယ်ခံထိလာမှန်း မသိလောက်အောင်ပဲ.. သတိပြန်ရတဲ့အချိန်မှာ ဒေါ်ကေပိုး တစ်ခြားအခန်းတစ်ခုထဲ ရောက်နေခဲ့ပါပြီ.. အားဆေးတွေချိတ်၊ အကြောဆေးတွေ သွင်းနဲ့.. နာ့စ်မလေးတစ်ယောက်က ဒေါ်ကေပိုးကို နှာနှပ်လို့ နေခဲ့ရပါတယ်.. ဘယ်လောက်တောင်ဆိုးလဲဆို.. ဒဏ်ရာကို ချုပ်တဲ့ မေမေတောင် ချုပ်လို့ ပြီးလို့ ဒေါ်ကေပိုးရှိရာ အခန်းထဲထိတောင် လိုက်လို့ လာရတဲ့အထိတောင်ပါပဲ.. ဆေးခန်းတစ်ခုလုံးလဲ ဟိုးလေးတကျော်ကျော် ဖြစ်လို့ သွားပါတော့တယ်..

ကိုယ့်ကိုယ်ကိုယ်လဲ သွေးမြင်ရင် လန့်တတ်မယ်လို့ သေချာမသိခဲ့ဘူးလေ.. အစိမ်းချုပ် အချုပ်ခံတဲ့ မေမေတောင် ဘာမှ မဖြစ်ပဲ ကျမကျမှ အဲလို အဲလို ဖြစ်ခဲ့ရပါတယ်.. ဆေးခန်းတစ်ခုလုံးမှာ ဒေါ်ကေပိုးတစ်ယောက် အရှက်ကွဲခဲ့ရပါတယ်.. တော်တော်လေးကို လွဲတဲ့ အလွဲကြီးတစ်ခု ဖြစ်လို့နေပါတော့တယ်.. ဆေးခန်းသွားတာက မေမေ့ကို ဆေးခန်းပြဖို့.. တကယ်တမ်း နှာနှပ်ယူခဲ့ရတာက ကျမ ဒေါ်ကေပိုး.. မှတ်မှတ်ရရ တော်တော်လွဲခဲ့တဲ့ အလွဲတစ်ခုနဲ့ ကြုံခဲ့ရပါတော့တယ်ရှင်..

(တီးရှော့ပ်အလွဲကဖေးတွင် တင်သောပို့စ်ကလေး)

4 comments:

  1. ဗန္ဓုလ အမျိုးဆိုတာသေချာပါတယ်

    ReplyDelete
  2. ဟိ.. သတ္တိ ပြောင်မြောက်တာကို ပြောပါတယ်အေ..

    ReplyDelete
  3. ဒီလိုလူမျိုးသူငယ်ချင်းလုပ်ထားမှပဲ အားကိုးရအောင်လို့ပါ

    ReplyDelete
  4. ဟိဟိ.. နှာနှပ်နိုင်တယ်ဆို အိုခေလေတော်.. :P

    ReplyDelete