Pages

Sunday 7 July 2013

အလွမ်းဖြေခဲ့တယ်..


ကျနော်..
ဒီနေ့..


စီးခဲ့ဖူးတဲ့..
အဓိပတိ အဝါကြီးနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


ရေစီးကြောင်းထဲက..
လှည်းတန်းဖက်ရှင်နဲ့လည်း..
အလွမ်းဖြေခဲ့တယ်..




ကားအမြဲပိတ်နေတဲ့..
လှည်းတန်းလမ်းဆုံကြီးနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


စွယ်တော်ပင်တန်းတွေရဲ့..
ဂျပ်ဆင်လမ်းနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


မရောက်တာ အတော်ကြာတဲ့..
ကန်ဘောင်လမ်းကြီးနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


အရောင်အသွေးကြွယ်နေတဲ့..
အလှပဂေးတွေ ငေးရင်းနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


ဝယ်မစီးနိုင်တဲ့..
ကားရှိုးရွမ်းကြီးတွေနဲ့လည်း..
အလွမ်းဖြေခဲ့တယ်..


အော်..
ကျနော်.. ဒီနေ့
မြို့တဝက်လောက် ..
လိုင်းကားပတ်စီးပြီး... အလွမ်းဖြေခဲ့တယ် .. ။




ကေပိုး
10:50 PM.
7.7.2013.

1 comment:

  1. ကျနော်လည်း
    အဲလို အလွမ်းဖြေချင်တယ် ။

    ReplyDelete