Pages

Tuesday 6 November 2012

သံ ဝေ ဂ


နွေလယ်ညနေခင်း

ရင်နင့်စရာ ဝေဒနာက
ခြေဗလာကျင်း လှမ်းဝင့်ခဲ့ပြီ
ဝေးရာဆီသို့ ထွက်ပြေးသည်...

ဆောင်သယ်ယူလာ အကြင်နာက
လေပွေအဝှေ့ ပျောက်ရှခဲ့ပြီ
ချီဆောင်ရာသို့ မျောလွင့်သည်..


ဆည်းဆာရောင်စုံ ကွန့်မြုးပုံက
ဝမ်းနည်းစေခြင်း ကိန်းဝပ်စင်းပြီ
လွမ်းမောရာသို့ ကူးခဲ့သည်..

ချိန်ခါစက်ဝန်း ပြောင်းလဲပုံက
ခန္တာစိတ်တွင်း ငြိမ်းချမ်းလုပြီ
သံဝေဂသို့ ရခဲ့သည်..


ကေပိုး
4:20PM.
6.11.2012.

5 comments:

  1. အမကေပိုးရဲ့ သံဝေဂလေးခံစားခဲ့တယ်နော်..
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  2. အစ ကနေဆုံးတဲ့ထိ စာသားလေးတွေ အားလုံးကောင်းတယ်ကေရေ

    ReplyDelete
  3. လာရောက် အားပေးကြတဲ့ ချစ်ချစ်များကို ကျေးကျေးတင်ပါတယ်ချင်..

    ReplyDelete
  4. ဒီကဗျာလေး လှတယ်ရော ....

    ခင်မင်စွာဖြင့်


    မောင်ဘုန်း

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete