Pages

Thursday 1 November 2012

မင်းမထင်နဲ့..

မချစ်တော့ဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းလောက် ဘယ်သူ့မှ မကိုးကွယ်ခဲ့ဖူးသူပါ..

အသဲကွဲပြီလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းအသဲကို ကွဲစေခဲ့တာ ငါ မဟုတ်ကြောင်း ကျိန်ဆိုရဲတဲ့သူပါ..

မလွမ်းနေဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
အလွမ်းတွေ ပင်လယ်ဖြစ်သွားရင်တောင် မင်းအတွက် လက်ပစ်ကူးရဲခဲ့သူပါ..

ထားခဲ့ပြီလို့ မင်းမထင်နဲ့ ချစ်သူ..
ထားခဲ့ဖို့ဆိုတာ အတွေးကမ္ဘာထဲ အဝင်မခံခဲ့သူပါ..

မဆုံနိုင်တော့ဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
ဆုံနိုင်ခွင့်ဆိုတာ တို့နှစ်ဦး ကြိုးစားရင် ပန်းတိုင်ရောက်နိုင်မှန်း နားလည်ထားနှင့်သူပါ..

ဘုရားပေးသလောက်လို့ မင်းမထင်နဲ့ ချစ်သူ..
ကံဆိုတာ အလုပ်လို့ ငယ်စဉ်ကတည်းက မှတ်ထင်ထားနှင့်သူပါ..

ပုံပြောကောင်းသူလို့ မင်းမထင်နဲ့ ချစ်သူ..
ပုံပြင်ဆိုတာ အိပ်ရာဝင် နားထောင်တတ်ရုံကလွဲလို့ ချိုနဲ့လားလို့ မေးရမယ့်သူပါ..

ဘာပဲပြောပြောပေါ့ ချစ်သူ..
အချစ်ဆိုတာ ကစားစရာ မဟုတ်မှန်း သိနှင့်ထားတဲ့ ငါနဲ့
အချစ်ကို ပေါ့ပေါ့တန်တန် ထားဖူးခဲ့တဲ့ နင်ရဲ့
အချစ်ဇာတ်သိမ်း မလှပခဲ့ရင်တောင်မှ..
အလှပဆုံး အဆုံးသတ်နိုင်ဖို့ ငါ ထပ်ကြိုးစားနေမှာပါ....


ကေပိုး
2:45 PM.
1.11.2012

3 comments:

  1. အချစ်ကြီးကိုချစ်တတ်တဲ့ကေပိုးလေးပါလားဗျို့
    မထင်ဘူးနော်
    ချစ်တဲ့ sis jasmine

    ReplyDelete
    Replies
    1. ခိခိ.. ကဗျာပါ မမရယ်..

      Delete
  2. မထင်ပါဘူး.ကေကေရယ်..
    မထင်ပါဘူးနော်..:P..
    ခင်တဲ့..မိုးနတ်

    ReplyDelete