Pages

Monday 1 April 2013

ရူးတယ်


ရူးတယ်...

ထူးမခြားနား ဇာတ်လမ်း
က ဖို့..
ထူးထူးခြားခြား ..
ခေါင်းခါးခြေလက်..
အသက်ဝင်အောင်..
ငါ ကြိုးစားခဲ့တယ်..


ရူးတယ်..

ဖြစ်ချင်တိုင်းလည်း
မဖြစ်တဲ့ ဘဝကို..
ငါ့အတွက်၊ ငါ့ဖို့..
အတင်းဖြစ်ညှစ်
သံယောင်လိုက်ယူခဲ့တယ်..



ရူးတယ်..

အရိပ်တကြည့်ကြည့်
အပင်ပျိုက
ရေလိုအပ်လို့
ရေလောင်းပေါင်းတင် သင်ရုံမက
မြေသြဇာပါ ကျွေးမိခဲ့တယ်..


ရူးတယ်..

ဂရုမမူ
ကျောက်ခဲတုံးက
ခပ်သေးသေးလို့..
ထင်ခဲ့မိလည်း..
ခြေမကွဲအောင်..
သည်းလှိုက်နာကျင် နေခဲ့ဖူးတယ်..


ရူးတယ်..

ရူးတယ်.. ရူးတယ်
အော်ဟစ်ငိုကြွေး
ဆိုချင်သေးလည်း..
အပူရုပ် ဟန်လုပ်
ခပ်တင်းတင်းလည်း
နေရလောက်အောင်..
ငါရူးမိတယ်..


ရူးတယ်..

ရူးလို့ ရူးမှန်း
သိနေနှင့်လည်း
ရူးပြီး ရူးကာ
နေရတာလည်း..
နှစ်ခြိုက်မိကာ..
နွံထဲ တိုးလို့..
ငါ ဆက်ရူးတယ်...



ကေပိုး
7:00 PM.
1.4.2013.

1 comment:

  1. ဖြစ်ချင်တိုင်းလည်း
    မဖြစ်တဲ့ ဘဝကို..
    ငါ့အတွက်၊ ငါ့ဖို့..
    အတင်းဖြစ်ညှစ်
    သံယောင်လိုက်ယူခဲ့တယ်..။ တစ်ကယ်ပါပဲ ကိုယ်လဲ ရူးနေတယ်။

    ReplyDelete