Pages
Saturday, 20 April 2013
:(
နေ့တိုင်းပုံမှန်
ရောက်ရှိနေတဲ့
နေရာဒေသတစ်ခုက
ငါ့ ရင်အနာကို ပိုပြီး ထိုးဆွစေသတဲ့လား..
အဖြူက အပြာအဖြစ်
အပြာက အနီအဖြစ်
တရစ်ရစ် အရောင် ပြောင်းသွားပေမဲ့
တခါတခါကျ
အဖြူရောင်ကို စွန်းထင်းစေသူ
ငါ.. မဖြစ်ချင်ခဲ့ပြန်ဘူးလေ..
ကြပ်သိပ်နေတဲ့
ဘတ်စ်ကားအတွင်းက
ဂရုနာသံတစ်ခု
အခုထက်ထိ နားထဲ ကြားယောင်နေဆဲက.
လက်တန်းကို မမှီရင်.. ငါ့လက်မောင်းကို ကိုင်ထားတဲ့လေ...
အားကိုးတကြီး ဖက်တွယ်မိတဲ့
ခွန်အားပြည့်တဲ့ ဒီလက်တစ်စုံကို
စွန့်လွှတ်ဖို့ အင်အား
ငါ့မှာ .. နည်းခဲ့ပြန်ပြီလေ..
လွမ်းတယ်လို့ အမည်တပ်ရမလား
မှားတယ်လို့ သတ်မှတ်လိုက်ရမလား..
ခုထက်ထိတော့..
ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြားနိုင်စွမ်း
နည်းနေသေးတယ်..
မှားပြီးရင်း မှားတဲ့ အမှားက
တစ်ခါလည်း မဟုတ်
နှစ်ခါလည်း မဟုတ်
တစ်နှစ်ပြီး တစ်နှစ်
တစ်ရစ်ပြီး တစ်ရစ်
များလှပါပြီကော..
ဘာတွေ ထူးခြားလာမလဲ
စောင့်ကြည့်ရက်တွေ
များလာပြန်တော့
ဒီ.. အငုံစိတ်..
ပြန်ငုံ့လျှိုးရပြန်ပြီလေ..
အင်း....
ဒီတစ်ခါလည်း
အရင်တစ်ခါလိုပဲ
ထူးမခြားနားစွာ
ကြိတ်မှိတ်မျိုသိပ် ပြန်မျိုချရပြန်ပါပေါ့လား
ဒါပေမဲ့လည်း
အစိုင်အခဲဆိုတာ
သိုလှောင်ထားလေလေ
ကြီးမားလာလေလေဆိုတာ
ငါ.. ထပ်မံ ခံစားခဲ့ရပြန်ပြီလေ....။
ကေပိုး
9:45 PM.
5.4.2013.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment