Pages

Tuesday 23 April 2013

ကြည်နူးခြင်း မျှော်လင့်ချက်

၂၉၊ ၃၁၊ ၃၂၊ ၆၅.. ကိန်းဂဏန်းတွေ စီနေခြင်း မဟုတ်ရယ်ပါ...နိမ့်ရာက မြင့်သွားမလား.. မြင့်ရာက  နိမ့်ဆင်းသွားမလား.. ကြိမ်းသေတာတော့.. ဒါတွေဟာ... အသက်အပိုင်းအခြားဂဏန်းတွေမို့.. နိမ့်ရာကနေ မြင့်တက်သွားရုံပဲ ရှိပါတော့တယ်..


ငယ်တော့တဲ့.. သက်တမ်းတွေ မဟုတ်တဲ့.. ဒီအပိုင်းအခြားလေးတွေထဲမှာ.. လိုအပ်တာ၊ လိုချင်တာလေးတွေ.. စိန်စီသလို အစီအရီထဲကမှ.. ငတ်မွတ်နေတဲ့ အရာလေးတစ်ခု.. ပြည့်ဝပြန်ပြီလေ..


ရာထူးတိုးတယ်.. ဝါတိုးတယ်.. အဘွားတဲ့.. အဒေါ်တဲ့.. ဦးလေးတဲ့..  အမှန်တော့ ကြည်နူးစရာ သတ်မှတ်ချက်ကလေးတွေပေါ့..


ဝေးကွာနေတဲ့.. အလှမ်းကွာနေတဲ့.. ပျောက်ရှနေတဲ့.. ဒီမိသားစုလေးထဲ.. အူဝဲ.. အူဝဲ အော်သံနဲ့အတူ.. သာယာချမ်းမြေ့ခြင်းတွေ.. တစ်နေ့ ကြုံလာရတော့မယ်တဲ့... တွေးတွေးပြီး ကြည်နူးစရာပေါ့..


မျှော်လင့်ခဲ့တဲ့.. မျိုးဆက်ဆိုတဲ့.. စကားလုံး.. အသက်ဝင်လာခဲ့ပြန်ပေါ့.. ဒီမိသားစုအတွက်.. မျိုးဆက်ဆိုတာ.. ရှားပါးလှစွာထဲ.. ပထမဦးဆုံးသော.. ချစ်လှစွာသော.. မျိုးဆက်ကလေး.. မျှော်လင့်ချက် ရောင်ခြည်ကလေး.. သမ်းခဲ့ပြီ..


ဆည်းလည်းဆိုတာ.. အိမ်တစ်အိမ်ရဲ့.. ပျော်ရွှင်စရာ၊ ကံကောင်းစရာတဲ့.. အိမ်တစ်အိမ်မှာ.. အိမ်ဆည်းလည်းဆိုတာ ရှိနေခဲ့ရင်.. အရာရာ.. ပြည့်စုံနေသလိုပဲတဲ့..


လိုချင်ခဲ့တဲ့.. ကျွန်မတို့.. မျိုးဆက်ကလေး.. ကျန်းမာပါစေ...


ချစ်လှစွာသော.. ကျွန်မ၏ ယောင်းမကလေး.. ကျန်းမာပါစေ..


နောက် ၈ လ မှာ .. လူ့လောကထဲ ရောက်လာမယ့်.. တူလေးလား၊ တူမလေးလား .. မသိတဲ့..  ချစ်လှစွာသော.. ကျွန်မတို့ရဲ့.. ကလေးလေး.. ကျန်းမာသန်စွမ်းပါစေ...


ကျွန်မတို့.. မျှော်လင့်သော.. မျှော်လင့်ချက်တွေ.. ရည်မှန်းချက်တွေ.. ရည်ရွယ်ချက်တွေနဲ့.. ပြည့်ဝပါစေ...


ကျွန်မတို့ ချစ်သော ကလေးလေးသည်.. လာခြင်းကောင်းသော.. ချစ်စဖွယ်ကလေးလေး ဖြစ်ပါစေ..


ကျွန်မတို့ မျှော်လင့်သော ကလေးလေးသည်.. မိဘ၊ မောင်နှမနှင့် ဆွေမျိုးသားချင်းအပေါ်.. ကံကောင်းခြင်း အပြည့်အဝ ပေးသော
ကလေးလေးဖြစ်ပါစေ..





ကေပိုး
8:45 PM.
23.4.2013.

No comments:

Post a Comment