Pages

Tuesday 2 April 2013

နင်နဲ့ငါ

" ဒိန်း "

ကောင်းကင်ပြိုကျတဲ့ အဖြစ်လား
ထန်းလက်ကာရတဲ့ အဖြစ်လား
မြည်ဟီးသံက အန န္တ

အရင်းစစ်တော့
ဖြစ်တည်တာက
ရင်ခွင်နက်က.. တုန်ဟီးသံ


ညီမလေးရေတဲ့..
ခေါ်နေသံတွေ ဝေဝါးခဲ့တယ်..
မ' ဆိုတဲ့ ညင်သာသံလည်း
နားထဲ လှည့်တောင် ခြေဦးမသန်းပြန်ဘူး..

နင်နဲ့ငါ
နင်နဲ့ငါ
ချိုမြိန်လွန်းလှတဲ့ စကားလုံးတွေ

စိန်စီထားတာတွေထက် လှတယ်..
ပကာသနဆန်တာတွေထက် လှတယ်..
မာနဟန်ပါပါတွေထက် လှတယ်..

တခါတခါကျ
နင်နဲ့ငါက
အိုအေစစ်တွေထက်.. အမောပြေတယ်

တခါတခါကျ
နင်နဲ့ငါက
လေနုအေးတွေထက်.. ပိုပမ်းပြေတယ်..

တခါတခါကျ
နင်နဲ့ငါက
ရေချိုမွှေးတွေထက်.. ပိုအေးမြတယ်..

ဘယ်သူတွေ.. ဘယ်ဝါ့အတွက်
ဘာတွေ ဖော်ဆောင်နေပါစေ..
ငါ့အတွက်တော့..
နင်ဟာ..
တကယ့်ကို
နင်နဲ့ငါ ပါပဲ..


ကေပိုး
7:30 PM.
2.4.2013.



2 comments:

  1. တစ်ခါတစ်လေ..နင်နဲ့ ငါ က တစ်ကယ့်ကို အကောင်းဆုံး အိုအေစစ်ဆိုတာ တစ်ကယ့်ကို မှန်တယ်နော်။ "စိန်စီထားတာတွေထက် လှတယ်..
    ပကာသနဆန်တာတွေထက် လှတယ်..
    မာနဟန်ပါပါတွေထက် လှတယ်"

    ReplyDelete
  2. နင် နဲ့ ငါကို ထပ်ဖတ်ဖြစ်တော့ ..။ အမောတွေ ပြေသွားသလို ပဲ..။

    ReplyDelete