Pages

Tuesday 8 July 2014

သံယောဇဉ်တွေ ထုံမွှမ်းထားတဲ့ အိမ်ကလေးမှာ စောင့်နေမယ်..


ဖွင့်ဟချက်(၁)



ကျနော့်မှာ အိမ်လေးတစ်လုံးရှိတယ်


ကျနော်ပိုင်ဆိုင်တဲ့ .. ဒီအိမ်လေးထဲကို

ခများ ဝင်လာခဲ့မယ်ဆိုရင်လေ..



ဒီအိမ်လေးထဲမှာ


ချစ်ခြင်း၊ မုန်းခြင်းတွေ ရှိမယ်..

ရယူပိုင်ဆိုင်ခြင်းတွေ ရှိမယ်..

စွန့်လွှတ်၊ အနစ်နာခံခြင်းတွေရှိမယ်..

အတ္တ၊ မာန်မာနတွေ ရှိမယ်..

မေတ္တာ၊ အကြင်နာ၊ စေတနာနဲ့ မြဲမြဲခိုင်မယ့် သစ္စာတရားတွေ ရှိမယ်..



သေချာတာတစ်ခုက..


ဒီအိမ်လေးထဲမှာ ရန်ဖြစ်တတ်တဲ့ ကျနော် ရှိနေမယ်

ဒီအိမ်လေးထဲမှာ အမှန်အကန် ချစ်တတ်တဲ့ ကျနော် ရှိနေမယ်

ဒီအိမ်လေးထဲမှာ အရာရာ ပေးဆပ်ဖို့ ကျနော် ရှိနေမယ်...


နောက်တစ်ခုက ..


ဒီအိမ်လေးထဲ ဝင်လာမယ့် ခများ သိထားဖို့

ဒီအိမ်လေးရဲ့ အမည်ကို

ကျနော်ကိုယ်တိုင် ပေးထားတယ်ဆိုတာပါပဲ..


ကျနော့် အိမ်လေးရဲ့ ကျနော်ပေးတဲ့ အမည်က

သံယောဇဉ်တွေ ထုံမွှမ်းထားတဲ့ အိမ်ကလေးတဲ့..



အသေချာဆုံးရဲ့... အသေချာဆုံးက


ဒီ သံယောဇဉ်တွေ ထုံမွှမ်းနေတဲ့ အိမ်ကလေးထဲမှာ

ခများ ပြန်အလာကို .. ကျနော် စောင့်နေတယ် ဆိုတာပဲ.. ။






ကေပိုး

9:50 PM.

8.7.2014.


No comments:

Post a Comment