Pages

Wednesday 16 October 2013

ဗုံးနဲ့ ပတ်သက်ရင် ရေပုံးတောင် စေ့စေ့ မကြည့်ချင်တဲ့..... ငစံ



ဗုံးတွေ ပေါက်ကြတော့.. ပထမဆုံး သတိရမိတာ.. ငစံ... ရွပိုးထိုးတတ်တဲ့ ကျနော့်သူငယ်ချင်း...
လွန်ခဲ့တဲ့ ၂၀၀၅ ရဲ့ မေမှာ.. ထီပေါက်တဲ့အကောင်.. အခုတော့လည်း ဇနီးချောလေး ရလို့ ကောင်းစားလို့ နေပေါ့..


ငစံတို့ ဘယ်လောက်တောင် ကံကောင်းလည်းဆို.. သူများတွေ .. အသီးသီး အသက.. ပါရက်နဲ့.. ဘာဆိုဘာမှ မဖြစ်ပဲ.. သူ့ကျမှ ထီကွက်ပေါက်တာက.. ဆုအကြီးကြီး


အဲ့နေ့က.. ကျနော်က.. အိမ်မှာ တီဗီကြည့်ကောင်းနေတုန်း.. မောင်လေးသူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်.. ဒဂုံစင်တာမှာ၊ ဂျန်းရှင်းအိတ်မှာ၊ ပုဇွန်တောင်မှာ.. ဟိုမှာ ဒီမှာနဲ့ သတင်းပေးတာကြောင့်.. အိမ်ရှိ လူကုန် ရေတွက်တော့.. အကုန်စုံတာမို့.. သက်မ ချတုန်း ရှိသေး.. သတင်းတစ်ခုက ဝင်လာပါရောလား..



အမ .. ငစံ.. ဗုံးထိသတဲ့.. သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းသာအားရလေသံ.. အဲလေ.. စိုးရိမ်ပူပန်ခြင်းတွေနဲ့ လေသံ.. ကျနော်.. အတော် စိတ်ပူသွားတယ်.. ဒါမယ့်. အဲဒီနေ့က.. မိုးချုပ်နေပြီမို့ နေ့ချင်. မသွားလိုက်နိုင်ခဲ့ပဲ.. နောက်တစ်နေ့ မနက်မှ သွားဖို့ ကြံရတယ်..

--------------------------------------------------------------------


ငစံရေ... နောက်နေ့.. နင့်ဆီလာတော့လေ..နင့်အမည် သုံးပြီး.. ငါလေ.. မော်တော်ပီကယ်လက်က လွတ်အောင် ရှောင်ခဲ့သေးအေ့.. ငစံဆီ သွားဖို့.. သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ဆီ.. အချိန်မီ ရောက်ဖို့.. ချော်တွင်းကုန်းမီးပွိုင့်က မီး အဝါကို ဖြတ်မောင်းမိလို့.. ရဲက လှမ်းတားတာ ခံလိုက်ရတဲ့.. ကျနော်.. အကြောင်းပြချက် ကောင်းကောင်းက... မနေ့က ဗုံးမှန်ပြီး ဆေးရုံတင်ထားရတဲ့ဆီ သွားမှာမို့.. အရင်လိုနေလို့ပါတဲ့ခမျာ.. ရဲသားလည်း .. ဆက်မတားတော့ပဲ.. ဟုတ်ကဲ့ခမျာ.. နောက်ကို ဂရုစိုက်ပေးပါဆိုပြီး.. လွှတ်ပေးလိုက်ပါရော..



အဲဒီလိုနဲ့.. သူငယ်ချင်းတွေ ချိန်းထားတဲ့ နေရာကိုရောက်.. လိုက်ပို့တဲ့ မောင်လေးလည်း.. ပြန်ပြီး.. သူငယ်ချင်းတွေနဲ့အတူ.. ရန်ကုန်ဆေးရုံကြီး ရှိရာ.. ချီတက်လို့.. ထွက်လာမိကြတယ်.. ရန်ကုန်ဆေးရုံကြီး ရောက်တော့.. ဦးနှောက်နဲ့ အာရုံကြောဆိုလို့.. ဘယ်နားမှန်း မသိ .. ပြေးပြေးလွှားလွှား ရှာရပြန်တယ်.. ဆေးရုံကိုတွေ့တော့မှ.. သူငယ်ချင်းတွေ.. ဝမ်းသာ အားရ ချီလာလိုက်တာ.. ငစံ ရှိရာ အဆောင်ရောက်မှ.. ငိုချင်စိတ်တွေ ဖြစ်လို့ကို လာတော့တယ်..


နဂိုကမှ.. မဲညိုတဲ့ ကျနော့်သူငယ်ချင်း.. မနေ့က ဖြစ် ဒီနေ့ လူနာရုပ် လုံးလုံးထွက်သွားသလို.. ချုံးချုံးကျလို့.. ခေါင်းမှာလည်း... ပတ်တီးအပြည့်.. မျက်လုံးတွေကလည်း ပုံစံတမျိုးတွေ.. နားမှာကလည်း.. ပတ်တီးအုပ်လို့.. တညည်းညည်း.. တညူညူနဲ့.. တကယ့် အဘိုးကြီးပေါက်စမှန်း.. အဲ့တော့မှ သေချာသိရတော့တယ်လေ..

-----------------------------------------------------------------


ဝင်လာတဲ့ သူငယ်ချင်းတွေကို တစ်ယောက်ချင်းစီ.. အမည် မေးလို့.. အရိုး ရော.. အရိုးရော.. မေဇွန်ရော.. မေဇွန်ရောနဲ့. မေးပြီး.. သူ့ ညီအမ ၂ ယောက်ကို သတိတရ မေးခဲ့တာလည်း.. ခုထက်ထိ မှတ်မိဆဲပဲ.. ငါလေ.. နားတွေ အူလို့.. ကန်းပြီလား မသိဘူး.. ၂ ပတ်လောက် စောင့်ကြည့်ပြီးမှ.. မကြားရရင် ခွဲရမှာ.. ဆိုတာတွေ.. အသံအကျယ်ကြီး ပြောရင်တောင်.. ငါ့မှာ တိုးတိုးလေး ကြားရတာဆိုတာတွေ..


ဒီလိုနဲ့.. သူငယ်ချင်း စံကြီးကို ကြည့်ပြီး.. သူ့အတွက် ဝမ်းလည်း နည်း.. ဒီလိုဖြစ်အောင် လုပ်တဲ့ တရားခံတွေကို မုန်းလည်းမုန်းနဲ့.. သူငယ်ချင်းဆီမှာ အချိန်အနည်းငယ် နေပြီး.. ပြန်လာကြတယ်.. အပြစ်မဲ့ ပြည်သူတွေအတွက်.. ဒီလိုဒုက္ခရောက်အောင် လုပ်တဲ့ တရားခံတွေကိုလည်း.. အတော်လေး မုန်းမိရင်း.. ဗုံးဆိုတဲ့ အသံကြားရင်.. သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ငစံကို.. ပြေးမြင်မိသလို.. သူ ပြောခဲ့တဲ့...


ဗုံးဆိုတာ စစ်ထဲ ဝင်မှ မှန်တာ မဟုတ်ဘူး.. အပြင်မှာ ရှိနေလည်း.. မှန်တတ်တယ်..



ဗုံးနဲ့ ပတ်သက်ရင် ရေပုံးတောင် စေ့စေ့ မကြည့်ချင်ဘူး..


ငါ ဗုံးမှန်တုန်းက လူက မြောက်တက်သွားပြီး.. ပြန်ကျလာတော့.. ပုဆိုး မပါတော့ဘူး.. တော်သေးတာပေါ့ အောက်က .. ဘောင်းဘီတို ပါလာလို့.



ဒါမယ့်.. လွယ်ထားတဲ့ လွယ်အိတ်တော့.. ကျွတ်မထွက်သွားဘူး...

ဆိုတဲ့ စကားတွေတော့.. အလွတ်ကျက်စရာမလိုပဲ.. သတိကို ရလျက်ရှိပါတော့တယ်..




ကေပိုး
11:20 PM.
15.10.2013.

5 comments:

  1. ဟန်ကြည်17 October 2013 at 06:54

    ကြားရတာ စိတ်မချမ်းမြေ့စရာ...မြေဇာပင်မဖြစ်ချင်သလို ဘယ်သူ့ကိုမှလည် ထပ်ပြီး မထိခိုက်စေချင်တော့ဘူး...အားလုံး အမြင်မှန်ရတဲ့တစ်နေ့ အမြန်ရောက်ပါစေလို့ပဲ ဆုတောင်းမိတော့တာပဲ...

    ReplyDelete
  2. တော်သေးတာပေါ့
    သိပ်ပြီး ကြီးကြီးမားမား ထိခိုက် မသွားလို့ ။

    အခုတော့ ပြန်ငြိမ်သွားသလိုပဲ
    မည်သို့သော အငြိုးကြောင့်မှ
    မဆိုင်စေသော ပြည်သူတွေကို မထိခိုက်
    စေချင်ပါဘူးဗျာ ။

    ReplyDelete
  3. တော်သေးတာပေါ့ အောက်က ဘောင်းဘီတ်ုပါလို့----------------------

    ReplyDelete
    Replies
    1. အမြဲ မှတ်မိနေတဲ့.. ငစံ့ စကားတွေပေါ့.. ရီလည်း ရီရပါ့.. :D

      Delete
  4. ဘောင်းဘီပါတာပဲတော်သေး...................

    ReplyDelete