Pages

Saturday 12 October 2013

နောက်မဆုတ်ပါနဲ့..



အတူတူ လျှောက်မယ့်လမ်း
ခြေလှမ်း တစ်ထပ်တည်း မကျခဲ့ရင်
မောင်..
မေ လိုက်ညှိပါ့မယ်လေ..။

 
အသိုင်းအဝိုင်းအလွှာက
မောင့်အတွက် အရာရာဆိုရင်
မေလေ..
မောင့်ဘဝထဲ ဆင်းခဲ့ပါ့မယ်လေ..။



အတားအဆီးဆိုတာ
ဖယ်ရှားမရ လှိမ့်ဝင်လာရင်
မေနဲ့မောင်
အတူလက်တွဲ ရင်ဆိုင်ရဲချင်တယ်လေ..။


ချစ်ခြင်းဘဝအတွက်
တောင်းဆိုချက်မို့..
မောင်ရေ...

အကြောက်တရား ဖယ်ရှားလို့..
ချစ်ခြင်းတံတားဆီ..
လက်တွေ ခိုင်ခိုင်မြဲ..
နောက်မဆုတ်ပဲ သွားချင်ခဲ့တယ်..  ။



ကေပိုး
7:25 PM.
12.10.2013


4 comments:

  1. ညီညာဖြောင့်ဖြူး
    သောင်ယံဦးဆီ
    ကြည်နူးပြုံးချို
    လည်ချင်းလျှိုလျှက်
    တွဲဆက်နိုင်စေ
    တိုင်လေ ရတုအထိုထို ။

    ReplyDelete
    Replies
    1. ပေးသော ထိုဆု
      ပြည့်ချင်ပါသည်
      တကြိမ် တခါဆီ
      မျှော်မိပြီ..


      ကျေးဇူးတင်ပါတယ်.. လာဖတ်တဲ့အတွက်.. ကို ကြုံတိုင်းကြံ

      စိမ်းသက်ပြီး.. ဘယ်သူမှန်း မသိတဲ့ အကောင့်တွေ လက်မခံတတ်ခဲ့လို့.. ဖျက်တဲ့အထဲ ပါသွားခဲ့မိတာ.. တောင်းပန်ပါတယ်..

      Delete
  2. သာမီးချောလေးကေရေ
    ဘူကနောက်ဆုတ်နေတာလဲ အိုမားကိုပြောပြပါအုန်း....အိုမားသားလား? အွန်စောလား?

    ReplyDelete
    Replies
    1. အိုမားရဲ့ သားလေ.. အိုမားရယ်.. :'(

      Delete