Pages

Monday 2 September 2013

မိုးထိတဲ့ မာန



ဝေဒနာ မဖြေသာပါဘူး
မကြေညာ တွေဝေကာနေတာမို့
လေညာမှာ ပျော်သလိုသာ နေလိုက်စမ်းပါ့
မောင်မုန်းတဲ့ ခင့်ကို
စောင်းငဲ့လို့တော့ မကြည့်စေနှင့်
မောင့်အသနားတော့ဖြင့် မခံလို..။


လွမ်းပိုလို့ ကျွမ်းငိုကာ လွမ်းစေဦး
မှန်းမျှော်ကာ မတအောင် နေလိုက်မယ်
လွမ်းဝေလို့ နာဖျားပါစေတော့
ခင့်အချစ်က ဘယ်လောက်ပိုပို
မောင်သိအောင် ကြေညာမယ့်
မိုးထိတဲ့ မာန .. မောင်သိလို့ နေစေဦးတော့..။


ကေပိုး
10:30 PM.
2.9.2013.

4 comments:

  1. ကဗျာလေး သိပ်ကောင်းတယ်
    သိမ့်သည်း နက်နဲလွန်းလို့
    ပိုပြီး ကြိုက်မိတယ် ။

    ReplyDelete
    Replies
    1. ခံစားချက်ကြောင့် နေပါ့မယ်.. ကိုဧရာ

      Delete
  2. ဟန်ကြည်6 September 2013 at 05:07

    ကဗျာကောင်းသလို နဘေလေးတွေ လှတယ်...ပါဒတစ်ခုနဲ့ တစ်ခုကြားမှာ ကာရန်လေးတွေ ဒီထက်ပိုငြိမယ်ဆိုရင် တကယ့်ကို ပရိုအဆင့်ကဗျာဖြစ်လာမှာ သေချာတာပေါ့...ကာရန်မိမိနဲ့ ရေးနိုင်တဲ့ ကဗျာရှားပါးလာတဲ့ ဒီဘက်ခေတ်မှာ ဒီလိုကဗျာလေးတွေ ရေးတာ ကျေးဇူးတင်သလို မြန်မာစာပေရဲ့ အနာဂတ်အတွက်လည်း ၀မ်းမြောက်မိပါကြောင်း...

    ReplyDelete
  3. လာရောက် ဖတ်ရှုလို့ ကျေးဇူးအရမ်းတင်ပါတယ်.. ကြိုးစားဆဲမို့ ဝိုင်းဝန်း လမ်းပြပေးကြပါဦးရှင့်

    ReplyDelete