Pages

Wednesday 11 September 2013

အလွှာ


လေထဲတိုက်အိမ်ဆောက်တာ မဟုတ်ပေမဲ့
မြေထဲ လမ်းတွေလျှောက်တဲ့အခါ
မတူညီရာ အလွှာတရားတွေက
လူကမ္ဘာကို ဝင်လာဖျက်ဆီးတယ်..


တစ်နေရာထဲ ရပ်နေရာက
အဆင့်အတန်းတွေ သတ်မှတ်ကြတယ်
တစ်နေရာထဲ လာခဲ့ရာက
လားရာလမ်းတွေ သတ်မှတ်ကြတယ်..


အားငယ်စိတ်တွေ စစ်ခင်းလို့
မာန်မာနတွေ ပြည့်တင်းလို့
ငါက ဘာ.. ငါက ညာ နဲ့
လူလူချင်းတွေ ခွဲခြားကြတယ်..


သူက ငါ့ထက် မြင့်လို့ လက်မတွဲနိုင်ဘူး
ငါက သူ့ထက် နိမ့်လို့ မနေရဲနိုင်ဘူး
ဟောက်စားစိတ်နဲ့ မြောက်ကြွားအတွေးကြောင့်
လူ့သဘာဝတွေ ပျက်စီးကြတယ်..


လာတာချင်းက အတူတူ
သွားမှာချင်း အတူတူကို
အဆင့်တွေ သတ်မှတ်
နေရာတွေ ရွေးချယ်လို့
ရောင်စုံကမ္ဘာထဲ
တရား မပျက် ရှိစေချင်တယ်..


ကျော်ခွတက်တဲ့ နေရာတွေ ရှိသလို
နိမ့်ကျဆင်းတဲ့ အလွှာတွေ ရှိတယ်
ဘာပဲပြောပြော
နောက်ဆုံးတစ်နေ့ သွားရမှာက
တစ်နေရာပဲ သိစေချင်တယ်..။



ကေပိုး
12:30 PM.
11.9.2013.

4 comments:

  1. အလွှာတွေ ပျောက်သွားအောင် လုပ်လို့တော့ မဖြစ်နိုင်ပေမယ့် တစ်လွှာနဲ့တစ်လွှာ နားလည်မှုတွေ ရှိလာအောင်တော့ လုပ်လို့ရနိုင်ပါသဗျား...ကိုးပေရဲ့ ဒီကဗျာကိုတော့ ဟိုက်ဖိုက်ပေးလိုက်ပါကြောင်း...

    ReplyDelete
  2. အချိန်ပေးပြီး လာ ဖတ်လို့.. ကျေးဇူးအရမ်းတင်တယ်.. ဦးဟန်ကြည် :D

    ReplyDelete
  3. လူသားတိုင်ဆီမှာ
    ဒီလိုအတွေး အမြင်မျိုးလေးတွေ
    ရှိနေမယ် ရှိခဲ့ကြမယ်ဆိုရင်
    ဘ၀ ဆိုတာ သိပ်သာယာ မှာပဲနော် ။

    ကဗျာ ကောင်း အတွေး ကောင်းလေးပါပဲဗျာ ...။

    ReplyDelete
  4. အချိန်ပေးပီး.. စာတွေ လာဖတ်လို့. ကျေးဇူးပါ အကိုမင်းဧရာ

    ReplyDelete