နှုတ်က ချစ်ခြင်း
ရင်တွင်းဖွဲ့ကာ
ဖြစ်တည်လာလည်း
ပေးအပ်မည့်သူ
ငြူစူသည်မို့
လက်သိပ်လျှိုကာ
ပုန်းခိုပြန်သည်
သခင် မကြင်၍ ငိုမိသည်..
ချစ်ခြင်းရည်ညွှန်း
ဖော်ချွေသွန်းလည်း
အကြင်နာတိမ်း
နာကျင်စိမ်းမို့
လှမ်းမည့်ပန်းတိုင်
ပျောက်ရှရှာသည်
သခင် ရှောင်ဖယ် ယိမ်းလှသည်..
ဝေးလို့ကွာလည်း
စိတ်တွင်းကိန်းခို
ထိန်းလို့ ငိုသည်
အကျွန့်အချစ်သည်
သခင့်ဆီသို့ ရည်ညွှန်းသည်...
ကေပိုး
10:55 PM.
7.9.2013.
ဒီကောင်မလေးမှာ သခင်ရှိတယ်တဲ့လား...။ အံ့ပါရဲ့...။ :P
ReplyDeleteအွန်.. ဖဲ့ခံရပြီ
ReplyDeleteဝေးလို့ကွာလည်း
ReplyDeleteစိတ်မှာညှိုးရော်
ငယ်ဖော်အချစ်
နွယ်သို့ရစ်ချီ
သခင့်ဆီိသို့ ရည်ညွှန်းသည်...
ဘာရယ်မဟုတ်ပေါင်ဗျာ...သူများကဗျာကို စာမြှောင်ကပ်လိုက်မိတာ...ကဗျာကောင်းလေးတွေ ဆက်လက်သီဖွဲ့နိုင်ပါစေဗျား...
ကြိုးစားနေပါတယ်.. ဦးဟန်ကြည်.. :)
Deleteကဗျာလေးတွေ
ReplyDeleteပီပီသသ ရှိလာတယ် လို့ထင်မိတယ်
အရင် အဲလိုအရေးအဖွဲ့မျိုး
မတွေ့မိဘူး အတော်လေး ကောင်းတယ် ။
ခံစားချက်လေး ပြင်းထန်တုန်းနဲ့ ကဗျာတွေ ဖွဲ့နွဲ့ချင်စိတ်.. ပေါင်းမိတယ် ထင်ပါ့.. မှုံရယ်
Delete