Pages

Saturday 15 June 2013

ရာထူးဆိုတာ ????


 ရာထူးဆိုတာ.. ဘာလဲ ???


တင်ထားတဲ့ ခေါင်းစဉ်ကို.. ကိုယ့်ကိုယ်ကိုယ်..  ကိုယ့်စိတ်ကို ကိုယ်.. ခဏ၊ ခဏ ပြန်မေးမိတဲ့.. မေးခွန်းတစ်ခုပါ…


တကယ်ပဲ.. ရာထူးဆိုတာ ဘာပါလိမ့်.. ??


ထို့ထက်ပိုတာက.. ရာထူးဆိုတဲ့ သတ်မှတ်ချက်ဟာ.. ဘာပါလဲ.. ??
ဘယ်လို အခြေအနေတွေ … ဘယ်လိုလူမျိုးဆိုတာတွေကို.. ရာထူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ.. သွပ်သွင်းသလဲလို့.. သိချင်ပါတယ်..




အမှန်တော့.. ရာထူးနဲ့ ပတ်သက်ရင်.. မေးခွန်းတွေ များစွာ မေးနိုင်သေးတယ် ထင်ပါတယ်..


ဒီလို စဉ်းစားမိလာတာက.. ခုတလော.. ပတ်ဝန်းကျင်ရဲ့ အမြင်မတော်မှုတွေကို.. ခဏ၊ ခဏ မြင်နေမိလို့ပါပဲ.. ခေါင်းထဲ ရောက်လာတဲ့.. မေးခွန်းကို.. စာတစ်ပုဒ်.. အထူးသဖြင့်တော့.. ပေါက်ကွဲစာလို့ ဆိုနိုင်တဲ့ စာတစ်ပုဒ်အဖြစ်.. ရေးချချင်လောက်အောင်.. သိချင်လာခဲ့လို့ပါပဲ..



ထပ်မေးချင်ပါတယ်.. ရာထူးဆိုတာ.. ဘာပါလဲ ??


အခုခေတ်မှာ.. ရာထူးတစ်နေရာ၊ နေရာတစ်နေရာ.. ရနေတဲ့.. လူတိုင်းကို ပြောတာ မဟုတ်ပါဘူး.. လူတစ်ချို့ကို.. တခါတခါကျ.. သိပ်ကို မေးချင်တဲ့.. မေးခွန်းတွေ.. ကျနော့် ရင်ထဲ.. အပြည့်နီးပါး ရှိနေမိတယ်..


တစ်ချက်ဗျာ…


ရာထူးနဲ့ လုပ်သက်ဆိုတာရဲ့.. အချိုးချပုံလေးတွေ.. သိရင်.. ပြောပြပေးကြပါလားလို့… လုပ်သက်များရင်.. ရာထူးကြီးတတ်တယ်ဆိုတဲ့.... တချို့.. တချို့ရဲ့ ယူဆချက်တွေဟာ.. မှန်ကန်ပါသလား… လုပ်သက်နဲ့ ရာထူးဟာ.. တိုက်ရိုက် အချိုးကျပါသလား..


ကျနော်ကတော့.. ရာထူးဆိုတာကို.. မပိုင်ဆိုင်တာကြောင့်.. အတွေးတချို့မှာ.. ဆန့်ကျင်ဘက်တွေ ဖြစ်နေမယ် ထင်ပါတယ်….


ကျနော့်အမြင်မှာ.. ကျနော်မြင်တွေ့နေရတတ်တဲ့.. နေရာတစ်ချို့မှာ.. ရာထူးရာခံ ရရှိထားတဲ့ လူတစ်ချို့ကို.. အမှန်အတိုင်း ပြောရရင်.. ကြည့်မရပါ.. ရှင်းရှင်းပြောရရင်.. လုပ်သက်ဆိုတဲ့ အရာတစ်ခုနဲ့.. နေရာတစ်နေရာ.. ရနေတတ်တဲ့သူတွေကို.. အထူးသဖြင့်တော့.. ကြည့်မရပါ..



တချို့ သတ်မှတ်ချက်တွေ.. ရှိမယ်ထင်ပါရဲ့..
လုပ်သက်များရင်.. အတွေ့အကြုံများမယ်..
အတွေ့အကြုံများရင်.. ဆုံးဖြတ်နိုင်စွမ်းများမယ်..
ဦးဆောင်နိုင်စွမ်းများမယ်…
ရပ်တည်နိုင်စွမ်းများမယ်…
အဲဒီလို.. များမယ်.. များမယ်နဲ့.. ထင်နေကြတဲ့.. ရပ်တည်နေကြတဲ့သူတွေ.. ဒုနဲ့ ဒေးပါ…


တကယ်ပဲ.. အဲလို ထင်မိပါသလား.. ကျနော့်သတ်မှတ်ချက်ထဲမှာတော့.. ရာထူးဆိုတာ.. လုပ်သက်တစ်ခုတည်းနဲ့.. ဦးဆောင်လို့. မရဘူးဆိုတာ.. ပါဝင်နေခဲ့ပါတယ်.. လုပ်သက်၊ အတွေ့အကြုံဆိုတဲ့.. အရာကြောင့်.. ရာထူးရနေတာတွေထက်.. လုပ်သက်ရယ်၊ အတွေ့အကြုံရယ်၊ ပညာရယ် (ပညာဆိုတဲ့နေရာမှာ.. အတန်းပညာတင် မဟုတ်ပဲ… ပြင်ပက ရရှိလာတဲ့၊ သိရှိလာတဲ့.. ပြင်ပ ဗဟုသုတတွေကိုလည်း ပြောချင်ပါသေးတယ်)၊ ခေါင်းဆောင်နိုင်မှုစွမ်းရည်ရယ်၊ ပေါင်းသင်းဆက်ဆံရေးတွေပါ.. ထည့်သွင်း စဉ်းစားမိလို့ နေခဲ့ပါတယ်.. ကျနော့်အမြင်ပေါ့ဗျာ.. အဲလို ပြည့်ဝနေတဲ့ သူကို.. ရာထူးပေးခြင်းကမှ.. ကိုယ်လုပ်ရမယ့် လုပ်ငန်း၊ ကိုယ်တာဝန်ယူရမယ့် အလုပ်တွေမှာ.. အောင်မြင်ပြီးမြောက်နိုင်စေမယ်လို့.. ယုံကြည်မိပါတယ်..


အဲဒီလိုမှ မဟုတ်ပဲ.. လုပ်သက်လေးကြောင့် .. ရာထူးကြီးမြင့်နေသူတွေ… အတွေ့အကြုံလေးကြောင့်.. ရာထူးတိုးတက်နေသူတွေ.. အဲဒီလိုလူမျိုးတွေအတွက်.. ပညာရပ်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ ဆုံးဖြတ်နိုင်မှုတွေ၊ ဗဟုသုတတွေ.. မပါပဲ.. မရှိပဲ.. လုပ်ငန်းတစ်ခုကို.. လုပ်မယ်ဆိုရင်.. အောင်မြင်မှုဆိုတာ.. နီးစပ်လာနိုင်ပါ့မလားလို့.. တခါတခါကျ.. တွေးမိပါတယ်..


ဟိုတလောက..  ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲအခွေတစ်ခွေ.. နားထောင်ရပါတယ်.. အဲဒီထဲမှာ ပြောထားတဲ့.. အစိတ်အပိုင်းတချို့ကို.. ကျနော်.. တော်တော်လေး သဘောကျမိတယ်.. အရာထမ်းနဲ့၊ အမှုထမ်းရဲ့ ခွဲခြားဆက်ဆံပုံတွေနဲ့.. အခုခေတ် လူငယ်တွေရဲ့.. စိတ်နေသဘောထား၊ ပြတ်သားတဲ့ စိတ်ဓာတ်လေးတွေ၊ နောက်ဆုံး.. ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ပုံတွေကို.. ဆရာကြီးက.. သေချာ တင်ပြဟောပြောသွားတာလေးတွေ.. နားထောင်ရတော့.. ရာထူးဆိုတဲ့ အရာကို.. ပိုပြီး ကန့်လန့် မြင်လာခဲ့မိပါတော့တယ်..


ခုခေတ်မှာ.. လူငယ်တွေအနေနဲ့.. အလုပ်ဆိုတာကို ရှာဖွေတဲ့နေရာမှာ.. ကိုယ့်ကို တန်ဖိုးထားတဲ့.. ကိုယ့်အတွက် တန်ဖိုးရှိမယ့် အလုပ်တွေကို သတ္တိရှိရှိနဲ့ ရွေးချယ်လာတာတွေ.. ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင်.. နောက်ဆံတင်းခြင်း မရှိပဲ.. နောက်ထပ်အလုပ်တစ်ခုကို.. သတ္တိရှိစွာ ခုန်ကူးရဲတာတွေ.. နောက်ဆုံး.. အရာထမ်းနဲ့ အမှုထမ်းကြားက .. ပြဿနာတွေ ဖြစ်တဲ့.. ပေါင်းသင်းဆက်ဆံရေး၊ အလေးမထားမှု၊ မရှိသင့် မထားသင့်သော စည်းကမ်းတွေကိုလည်း သတိပြု ဆင်ခြင်စရာတွေ အနေနဲ့.. ဆရာကြီးရဲ့ အခွေထဲမှာ.. သေချာ လေ့လာခဲ့မိပြန်ပါတယ်..


အမှုထမ်းဆိုတာကို.. ဘယ်လို ပေါင်းသင်းရမယ်.. ဝန်ထမ်းဆိုတာတွေ ကိုယ့်အလုပ်မှာ မြဲအောင်.. ဘယ်လို ကြံဆောင်ရမယ်ဆိုတာတွေ.. တော်တော်လေး လေ့လာ၊ နားထောင်လိုက်ရတော့.. လုပ်သက်ဆိုတာလေးတစ်ခုနဲ့.. ရာထူးမြဲနေတဲ့ .. ငါစွဲကလေးတွေကို မေးချင်လာပါတော့တယ်.. ရာထူးဆိုတာ.. ဘာပါလဲ လို့…


ရာထူး == ရူးထာ လို့.. သတ်မှတ်ချက်တွေနဲ့.. သတ်မှတ်ရမယ့် လူစားမျိုးတွေ.. များလာလေလေ.. ကိုယ့်စီးပွား၊ အများစီးပွားမှာ.. အောင်မြင်မှု နည်းလာလေ.. ကျရှုံးမှု များလာလေ.. ဖြစ်လာနိုင်တယ်လို့.. စိတ်ထဲမှာ.. တွေးထင်လာမိပါတယ်… ရာထူး==ရူးထာတွေကြားထဲမှာ… လုပ်ငန်းတာဝန်တွေကို.. လုပ်ကိုင်နေရတဲ့.. သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေရဲ့ စိတ်ဆင်းရဲမှုတွေကို ကြည့်ရင်း.. ကိုယ့်အထက် လူကြီးတွေကို..



ရာထူး == ရူးထာ  တော့

တကယ့်ကို မဖြစ်စေချင်ခဲ့ပါဘူး….




ကေပိုး
7:30PM
15.6.2013.

(https://www.facebook.com/notes/kay-poe/%E1%80%9B%E1%80%AC%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC-/555639667812257)

No comments:

Post a Comment