Pages

Tuesday 4 June 2013

ဘဝခြားခြင်း


ရုတ်တရက် .. ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ထုကြီးထဲက .. အတင်းပြူးပြဲထမိတော့ .. ဖျော့တော့တော့ အလင်းရောင်က.. နရံကင်းတဲ့ ကွင်းပြင်ကြီးကို.. မြင်မိစေခဲ့ပြန်တယ်.. ဘယ်မှာလဲ.. လာလမ်း.. ဘယ်မှာလဲ.. ပြန်လမ်း.. .. ရုတ်ချည်း သတိရမိတာက.. ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေ   ပျောက်ဆုံးaနတယ်ဆိုတာပါပဲ..


တည်ရှိနေတဲ့ နေရာကနေ.. နောက်ထပ် နေရာတစ်ခုဆီ ရွေ့ဖို့ ကြိုးစားမိတော့... ကျွန်တော့် ခန္ဓာကိုယ်က.. ငှက်မွှေး၊ ငှက်တောင်ပမာ.. သိလိုက်မိပါပြီ.. ကျွန်တော့အတွက် နေရာအသစ် တစ်ခုဆီ.. ခြေလှမ်း ပြင်ခဲ့ပြီပဲ...


လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှ.. နာကျင်နေတဲ့ ခံစားချက်တွေ.. အသည်းခိုက်အောင် ခံစားရတာတွေ.. ဒီအချိန်မှာ .. ပျောက်ရှသွားခဲ့ပြီပဲ... သေချာတာကတော့.. ကျွန်တော်.. သူတို့နဲ့ ဝေးကွာခဲ့ပြီတဲ့.. ကျန်ခဲ့တဲ့.. ကျွန်တော်ချစ်သူတွေကို ပြန်တွေးမိတော့.. လွန်ခဲ့တဲ့ လ အပိုင်းအခြားတစ်ခုကို.. တွေ့မြင် ခဲ့ပြန်တယ်..


နာကျင်လွန်းလို့.. မခံမရပ်နိုင်ဖြစ်နေတဲ့ ခန္ဓာကိုယ်က.. ပေပေတေတေ နေတတ်တဲ့.. ကျွန်တော့်ကို .. ဒေါသတစ်ခုဖြစ်စေခဲ့တယ်.. ဖြစ်သလိုနေခဲ့တဲ့.. အဆုံးသတ်တစ်ခုက.. ဆေးရုံ၊ ဆေးခန်းမှာ အဆုံးသတ်စေခဲ့ပြန်တယ်လေ.. စစ်ကြ၊ ဆေးကြ.. တွက်ကြ၊ ချက်ကြနဲ့.. နောက်ဆုံး ထွက်လာတဲ့ ရီဇာတ်က.. ၂ လ တဲ့.. တိုတောင်းလွန်းပါလား...


ဘာလုပ်ရမလဲ.. အရာအားလုံးဟာ.. ကျွန်တော့် အပြစ်တွေပဲလား.. ကံကြမ္မာက.. ကျွန်တော့်ကို ဒီလောက်အထိပဲ ပျော်ရွှင်စေခဲ့တာလား.. အငိုမျက်နှာတွေ.. လှိုက်မောတုန်ရီနေတဲ့ ရှိုက်သံတွေနဲ့ မိသားစုကို.. ပြန်ကြည့်မိတော့.. ကျွန်တော်.. အတော် စွန့်အ သွားခဲ့တယ်..


ဆုံးဖြတ်ချက်တစ်ခုက.. ခိုင်မာစွာ.. ကျွန်တော့်ကို သေလူ မသတ်မှတ်ကြပါနဲ့တဲ့.. ရီမောပျော်ရွှင်နိုင်အောင် ကြိုးစားရင်း.. ဝေဒနာ၊ ဒဏ်ရာကို.. မေ့ထားခဲ့တယ်.. နေ့စဉ် မြင်နေကျ ပတ်ဝန်းကျင်ကတော့..ကျွန်တော့်ကို.. ဝမ်းနည်းစေခဲ့ပြန်တယ်.. ကျွန်တော် စွန့်ခွာရတော့မှာပါလား..


သူမ ရီနေတယ်.. အဝေးကို အငေးမှာ.. မြင်နေကျ မိန်းကလေးတစ်ယောက်ရဲ့.. တန်ဖိုးရှိတဲ့ အပြုံးတစ်ခုကို တွေ့မိပြန်တယ်.. ဟိုအရင်ကတော့.. ဒါတွေဟာ တန်ဖိုးလို့.. မထင်မှတ်ခဲ့တဲ့ ကျွန်တော်... အခုတော့ တန်ဖိုး ထားတတ်လာခဲ့ပြန်တယ်လေ..


ဦးလေး ကျန်းမာပါရဲ့လား.. နှုတ်ထွက်စကားတစ်ခွန်းက.. လှစ်ခနဲ ထွက်သွားပေမဲ့.. အဖိုးတန်တဲ့ အဖြေစကားပဲ.. ကြားချင်မိပြန်တယ်.. သူ့ဘက်က ဒီလိုသာ.. ပြန်မေးခဲ့ရင်.. ကျွန်တော် ဘယ်လိုဖြေရမှာပါလိမ့်..


သေလူလို့.. လူမသိအောင် ဟန်ဆောင်ပြုံးရင်း.. ကျွန်တော်.. ဟန်ဆောင်ခြင်းအတတ်ကို.. အတော်လေး.. တတ်မြောက်ခဲ့တယ်.. ဒီလိုနဲ့....


မမျှော်လင့်ချင်သော.. မျှော်လင့်နေတဲ့ တစ်နေ့ကို.. စောစီးစွာ ရောက်အလာမှာတော့.....


အားလုံးကို.. နှုတ်ဆက်နိုင်ခြင်း ဝေးစွာဖြင့်.....


ဟော...


အဝေးဆီက.. ခပ်ဖျော့ဖျော့.. အလင်းရောင်လေး...


ကျွန်တော်.. သွားမယ့်လမ်း.. လျှောက်မယ့်ခရီး.. .... .....  ..  ...

 


ကေပိုး
8:20 PM.
4.6.2013.

No comments:

Post a Comment