Pages

Friday 3 May 2013

အောင်ဘာလေ သိန်း ၁၅၀၀ ထီဆု ပေါက်ခဲ့သော်…



ခုတလော..ကျွန်မ ကေပိုးတစ်ယောက်.. ထီ အရမ်းပေါက်ချင်နေပါတယ်.. ပေါက်ချင်တာမှ.. သိန်း ၃၀၀၊ သိန်း၅၀၀ တွေမှ မဟုတ်ပဲ.. သိန်း ၁၅၀၀ ထီဆုကြီးကိုမှ မျှော်မှန်း လိုချင်နေမိခြင်း ဖြစ်ပါတယ်…


တကယ်လို့များ…
ကျွန်မသိန်းထောင့်ငါးရာဆုကြီး ပေါက်ခဲ့ရင်…


                                                        (၁)


ရလာတဲ့သိန်း ၁၅၀၀ ကို.. ၃ ပုံ အရင် ပုံပါ့မယ်.. ပထမအပုံ သိန်း ၅၀၀ကို.. မေ့ကို ပေးပြီး.. လက်ရှိနေနေတဲ့ အိမ်ဘေးက မြေကွက်လပ်မှာ.. အိမ်ကောင်းကောင်းတစ်လုံး ဆောက်ပါမည်…
နောက်ထပ်သိန်း ၅၀၀ ကို… မေ့ကို ပေးပြီး.. မေသုံးချင်ရာ သုံးဖို့.. ဆေးဖိုးဝါးခအဖြစ်ရော.. လှူဖို့ဒါန်းဖို့ရော….ပေးလိုက်ပါမည်.. ကျန်တဲ့သိန်း ၅၀၀ ကိုတော့.. ပိုက်ဆံ စုနိုင်ဖို့ ခဲယဉ်းနေသော.. ကျွန်မ၏ ချစ်သူအား ပေးပြီး..ဘဝတစ်ခု တည်ထောင်ဖို့အတွက်.. စတင်ဖို့ ကြံပါမည်..



                                      …………………………………………………………….


အဲလိုစဉ်းစားရင် ကောင်းမလား… မဖြစ်သေးဘူးထင်တယ်.. ပြန်ပုံဦးမှ..



                                                       (၂)


ရလာတဲ့သိန်း ၁၅၀၀ မှာ.. သိန်း ၅၀၀ ကို.. ဘေးအိမ်က ကွက်လပ်မှာ.. အိမ်ဆောက်ဖို့.. မေ့ကို ပေးမယ်.. ပြီးရင်.. မေ့ သုံးချင်ရာ သုံးဖို့.. ဆေးဖိုးဝါးခ၊ လှူဒါန်းမှုတွေအတွက်.. မေ့ကို သိန်း၄၀၀ ပေးမယ်.. ပြီးရင်.. မေ သုံးချင်ရာ သုံးဖို့.. သိန်း ၂၅၀ တန်လောက် ကားလေးတစ်စီး.. ဝယ်ပေးမယ်.. ကိုယ်လည်း ကပ်သုံးရင် သုံးလို့ ရနိုင်တာပေါ့လေ.. ကျန်တဲ့ သိန်း ၃၅၀ကို.. မင်္ဂလာဆောင်ဖို့.. ငွေစုနေတာ.. မပြည့်နိုင်သေးတဲ့..ကျွန်မ ရည်းစားကို ပေးမယ်..


                                      ……………………………………………………


အဲလိုဆိုရင်ကော..မဖြစ်သေးပါဘူး…



                                              (၃)


ရလာတဲ့သိန်း ၁၅၀၀ မှာ.. သိန်း ၅၀၀ ကို.. ဘေးက မြေကွက်မှာ.. အိမ်ဆောက်ဖို့.. မေ့ကို ပေးမယ်..ကျန်တဲ့ထဲက.. သိန်း ၃၀၀ ကို.. မေ့အတွက်.. မေလိုရာ သုံးဖို့ ပေးမယ်.. နောက်.. ကျန်တဲ့ထဲက..သိန်း ၂၀၀ ကို.. ကား ဝယ်ဖို့.. ထားမယ်.. နောက် ကျန်တဲ့အထဲက.. သိန်း ၂၀၀ ကို.. ကျွန်မစီးပွားရေးတစ်ခုခု လုပ်ဖို့.. ဖယ်ထားမယ်.. ကျန်တဲ့.. သိန်း ၃၀၀ ကိုမှ.. ပိုက်ဆံစုနေတဲ့..ကျွန်မ ချစ်သူကို ပေးမယ်..


                             ………………………………………………………


အာ…ဟုတ်သေးဘူးထင်တယ်… တော်ပါပြီ.. မပုံတတ်တော့ဘူး… ရလာမှပဲ.. ကြည့်စီစဉ်မှ..

ကဲ..အခုတော့.. ထီပြေးထိုးလိုက်ပါဦးမယ်ဗျာ…

(ရီစရာသက်သက်ရေးခြင်းပါ)





ကေပိုး
12:35PM.
4.5.2013.


3 comments:

  1. ဖွတ်စဘွတ်က သယ်ရင်းတွေကို တစ်ယောက်၁၀သိန်းလောက်ပေးပါတော့
    လားလို့..... :))))

    ReplyDelete
  2. ကွကိုတောင်.. သုံးမလောက်တာဂျာ...
    ပိုလျှံရင်.. စဉ်းစားပါ့မယ်ဗျ..
    ဒါနဲ့.. ကိုညိမ်းနိုင်ဆိုတာ.. ဘသူတုန်း.. ဖွစဘွတ်မှာက

    ReplyDelete
  3. ကိုငြိမ်းနိုင်ဆိုတာ ဖေ့ဘုတ်မှာ အိကုပါ။
    :P

    ReplyDelete