Pages

Wednesday 4 December 2013

အဆိပ်ချိုသီး








ကားလိပ်ချမိတဲ့ ပြဇာတ်မှာ
သရုပ်ဆောင်ချက် လိုတယ်ဆိုပြီး..
ပြန် က ချင်လို့ မရခဲ့ဘူး.. ။


ပြဒါးသုတ်ထားတဲ့ မှန်တစ်ချပ်မှာ
ထိုးဖောက်မြင်နိုင်တဲ့ သတ္တိ မရှိလို့
တဖက်အလွန်ကို လှမ်းမမြင်နိုင်ဘူး.. ။



ဝမ်းနည်း ဝမ်းသာဖြစ်ရပ်မှာ
မျက်ရည် အကြိမ်ကြိမ်ကျရင်း
ဘယ်အရာ သေချာဆိုတာ ခွဲခြားမပြနိုင်ဘူး.. ။


တရားသောစစ်မှာ
မတရားဘူး ထင်မှတ်ယူလို့
ရဲရဲဝံ့ဝံ့ မခင်းရက်နိုင်ဘူး.. ။


တကယ်တော့..

ဇာတ်လမ်းတွေ ဆင်တတ်တဲ့ ငါ
ငါ့ ဇာတ်လမ်းမှာ နင် ဝင် က ဖို့.. မတောင်းဆိုနိုင်ခဲ့ဘူး
နင့် ဇာတ်လမ်းမှာ ငါ ပါဝင်ဖို့ .. မကြံစည်ခဲ့ဘူး.. ။


ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်သလို
ထူးခြားဆန်းပြား..
အဆိပ်သီးတစ်လုံးကို ချိုမြိန်စွာ ငါ ကိုက်ချင်ခဲ့တယ်..  ။



ကေပိုး
10:00 PM.
4.12.2013.



3 comments:

  1. ချိုနေတဲ့အဆိပ်သီးလေးကို စားကြည်ချင်မိပြီ

    ReplyDelete
  2. အဆိပ်ထက်ပြင်းသော အချစ် ။





    မင်းဧရာ

    ReplyDelete
  3. ဟုတ်ပါ့..

    အဆိပ်ထက် ပြင်းသော အချစ်ပါ..

    ReplyDelete