Pages

Friday 8 November 2013

ခေါင်းစဉ်မဲ့






ကျ မျက်ရည်.. ကမ္ဘာပျက်တာ
မင်း တစ်ယောက်ထဲတဲ့လား..။

 
ပြုံးမျက်နှာ.. ကမ္ဘာပျက်တော့
ကိုယ်ပါ ပါ ပြန်တယ်လေ..။



နေ့/ ည လွဲမရတဲ့
ပြုံး .. ငို ခွဲမရတဲ့
စိတ်ရုပ်သွင်က
ဆောက်တည်ရာကို ပျက်စေပြန်တယ်..။


ပူဆွေးတွေးနဲ့
ဟိုဒီ ငေးတော့
မင့်ခိုနားရာ
ကိုယ် မဟုတ်ပြန်တဲ့..။


မေးခွန်းအပြည့်
ကိုယ့်အတွေးက
မင်း ပျော်ဖို့.. ငါ ငိုတာလား
မင်း ပျော်ဖို့.. င့ါကို အငိုခိုင်းတာလား..။


ဝေတေဝါးတား
ရေးတေးတေး မပေါ်တဲ့ အိပ်မက်တစ်ခု
အဖြူမှန်း .. အရောင်မှန်း
သေချာ မသိတဲ့ စိတ်တစ်ခုနဲ့..။


ဝင်ကစွပ်လည်း မဟုတ်ရ..
ပေးဆပ်သူလည်း မဟုတ်ရပဲ..
ထားရစ်ခဲ့တောင်..
မင်းအတွက်..
ကြိုးစား ပြုံးပျော်ပေးနေတယ်.. ။



ကေပိုး
11:40 PM.
8.11.2013.


No comments:

Post a Comment