Pages

Saturday 1 February 2014

လှေကလေး ၂ စင်း




ပထမတစ်စင်းက..
လှပ ကျော့ရှင်း တန်ဆာခင်းလို့
လူတကာ အားကျ.. အသွားလှအောင်
ဝံ့ဝံ့ကြွားကြွားနေခဲ့သည်.. 


ဒုတိယတစ်စင်းများ..
ခိုင်ခန့်တောင့်တင်း မာန်ဟုန်ခွင်းလို့
မှုန်မှိုင်းဝကာ.. ရေနံအရောင်
ထွန်းပြောင်တင့်လည် စေခဲ့သည်..


ကိုယ့်တွက်မှာများ
မခြားလူလို.. လှပခြင်းကို
တပ်မက်စိတ်ထားး.. လှမ်းလိုအားနှင့်
ကြိုးစား ဆွဲငင်.. နှောင်တွယ်ချင်သည်..
စိတ်လေး.. အများထိုသို့ပင်..


သို့ပေကလင့်
ဝံ့ကြွားမောင်က.. ထောင်လွှားမာန
ခင်းကာပြပြီး..
သူတကာကို.. ငါလိုလူနှင့်
တိုင်းနှိုင်းခိုင်းကာ.. လွင့်လွင့်ထူသည်
လိုက်လို့ ဝေးကာ နေရော့သည်..


ထိုအချိန်တွင်
မာန်ဟုန်ခွင်းကား.. နားသို့တိုးကာ
ချဉ်းကပ်လာပြီး..
လူအများကို..ကိုးစားစိတ်နှင့်
အားအင်ပြည့်စွာ.. ခိုနားချင်သည်
သူ့မူရာက.. ယုံကြည်စိတ်ချနေလှသည်..


ဒီလိုနဲ့ပဲ.. 
တဖြည်းဖြည်းတော့
လှပခြင်းနှင့် ကိုးစားခြင်းကို
ယှဉ်ပြိုင်ဒွန်တွဲ.. ဆွဲလွဲကြရင်း
နောက်ဆုံးကျန်က
ဘယ်အရာမည်သည်.. ချိန်ခါတွေက သက်သေတည်သည်..
ရှင်းပြရန်ပင် မလိုတော့သည်.. 


မှတ်သားထိုက်စွာ.. 
လူသားဘဝလည်း.. ထိုသို့နှင်သည်..
ကောင်းကျိုး၊ ဆိုးကျိုး
ချိန်သက်သေသည်.. လိုအပ်ပေသည်..
သေချာစောင့်မှ မြင်ရသည်...




ကေပိုး
9:15 PM.
31.1.2014.



(ပျင်းပျင်းရှိ စာမလုပ်ပဲ.. ဂေါက်တောက်တောက်များ ထိုင်ရေးသည်) :D

No comments:

Post a Comment