Pages

Friday 23 August 2013

စွန်းထင်းခဲ့ကြတယ်..


တကယ်တော့ အဲဒီနေ့က
ကျနော်တို့ တစ်ခုခုကို
ထုဆစ်ခဲ့ကြတယ်.. ။


ချစ်ခြင်း၊ မုန်းခြင်း
ဒေါသ၊ မာန်မာန
အာဃာတ အမှိုက်သရိုက်တွေပဲပေါ့.. ။

ဘယ်သူ တရားပျက်ပက်
ကိုယ် မပျက်စေနဲ့တဲ့..


ဟာဟ..
ငါနဲ့ ငါချင်း
ပခုံးယှဉ်လာရတော့
တရားနည်းလမ်းတွေ
မြူမှုန်လို လွင့်ပျောက်ကုန်တယ်.. ။

ရင်တွင်းစစ်တွေ ဖြစ်ကုန်ကြတယ်
စိတ်တွင်း ပဋိပက္ခတွေ ဖြစ်ကုန်ကြတယ်.. ။

အဖြူရောင်ဆိုတာ နားမလည်ပဲ
ဆေးရောင်စုံတွေ ဖြန်းပက်လို့
ကျနော်တို့ အနာဂတ်ကို
စွန်းထင်းခဲ့ကြတယ်.. ။



ကေပိုး
11:40 AM.
24.8.2013.

1 comment:

  1. လူတယောက်မှာတချိန်ချိန်တော့ အရောင်တခုခု စွန်းထင်းကဖူးမယ်လို့မဂျက်ထင်တယ်ကေရေ--------
    ဒီလိုစာသားလှလှလေးတွေနဲ့ အမြဲ ရေးနိုင်ပါစေလို့
    ချစ်တဲ့ sis jas

    ReplyDelete