Pages

Saturday 10 August 2013

အမြဲတမ်း ရှုံးတဲ့ ကျနော့်အရှုံး


ထားရာနေ စေရာ သွား
သေချာသွားတာက..
ခများရဲ့ ကျေးကျွံ..

ထိန်းထားတယ် တင်းထားတယ်
ယိုင်မကျဖို့..
ကျနော့်စိတ်တွေ..



ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်
လာ/ သွား စေခိုင်းစရာမလိုပဲ
ပေးဆပ်မှုအပြည့်က
ရင်ထဲ ပြည့်နှက်..

ဝဋ်ကျွေးပါ.. ဝဋ်ကျွေးပါလို့.
အကြိမ်ကြိမ် ကြွေးကြော်လည်း
ပျော်ပျော်ပြုံးပြုံး..
မနာတမ်း ပေးဆပ်ချင်တဲ့..
ဒီဝဋ်ကျွေး..
မကျေပါရစေနဲ့လို့.. ဆုတောင်းချင်တယ်..
ခများ တစ်ချက်လေး ပြန်လှည့်အကြည့်မှာပေါ့..။


ကေပိုး
10:45 AM.
11.8.2013.

1 comment:

  1. အရှုံးသမားတစ်ယောက် ကဗျာလာဖတ်ပါတယ် :)

    ReplyDelete