ပြတင်းပေါက်က လှမ်းအငေး
အလှမ်းဝေးတဲ့ ကောင်းကင်မှာ
ကြည်လင်စွာ ထင်အရှား
မြင့်မားစွာ ရှိနေတာ
မင်းရယ်ပေါ့ လမင်းငယ်..
ငိုနေသူ ငါ့အား
ပြုံးရယ်ကာ နင်ကြည့်တော့
အပျော်ခံ စိတ်အမြူးက
ရင်ခွင်ကို ကူးတာမို့
ပျော်ရွှင်မယ် ငါ ထင်ခဲ့ဖူးတယ်..
ရောင်နီလာ မနက်ခင်း
လင်းခြင်းကာ ရောက်လာပြန်တော့
ပြုံးနေသူ မဲ့ကာသွားတယ်
အေးမြမှု ဖယ်ကာပြေးလို့
ဝေးရပေါ့ လမင်းငယ်..
အလွှာမတူ အခြေခြား
မြေသားနဲ့ ကျောက်ဆိုင်ပမာ
ယုံကြည်ရာ ကွာခြားတာမို့
လမင်းငယ်ရေ..
ပျော်ရာသာ နေပါတော့လား..
အလွှာမတူ အခြေခြား
ReplyDeleteမြေသားနဲ့ ကျောက်ဆိုင်ပမာ
ယုံကြည်ရာ ကွာခြားတာမို့
လမင်းငယ်ရေ..
ပျော်ရာသာ နေပါတော့လား....
နူးညံ့လိုက်တဲ့ ကဗျာလေးပါလားပိုးရေ
အစ အဆုံး နူးနူးညံ့ညံ့လေးနဲ့ဆွဲဆောင်သွားတယ်
ချစ်တဲ့ sis jasmine