ကေပိုး
(အတွေးကမ္ဘာ)
Pages
Friday, 7 December 2012
ရူးပုံရယ်တဲ့လေ..
ပုထုဇနော.. ဥမ္မတကော တဲ့.. လူတိုင်းဟာ အရူးချည်းပဲလို့ ဘုရားဟောထဲမှာ ဖတ်ဖူးကြားဖူးခဲ့တယ်.. နည်းနည်းရူးတာနဲ့ များများရူးတာ.. သတိလက်လွတ်ရူးတာနဲ့.. ထိန်းနိုင်သိမ်းနိုင်ရူးတာ.. ဒါတွေပဲ ကွာပါတယ်.. လူတိုင်းကတော့ အရူးတွေချည်းပါပဲ..
အဲလိုအရူးတွေထဲမှာ ကေပိုးလည်း တစ်ယောက်အပါအဝင်ပေါ့.. အခုလည်း ရူးတာတွေ အများကြီးထဲက .. ကေပိုးရူးတဲ့ မင်းသားတစ်ယောက်ပုံတွေကို သိမ်းဆည်းထားချင်လို့.. ကေပိုး လူမြင်သူမြင် ရူးခဲ့ပြန်ပြီလေ... :)
(၁)
Read more »
Wednesday, 5 December 2012
ကမ်းနားသစ်ပင်
အတုအယောင်ကို
အစစ်ထင်မှတ်လို့
မာနထောင်လွှား နေခဲ့ဖူးတယ်
စိန်နားကပ်အရောင်ကို
ကိုယ့်အတွက် ထင်မှတ်လို့
ပါးပြင်အရောင် ပြောင်ခဲ့ဖူးတယ်
ညလအသာကို
အမြဲတမ်း ထင်မှတ်လို့
ပျော်ရွှင်ကျေနပ် နေခဲ့ဖူးတယ်
Read more »
Tuesday, 4 December 2012
နွေ
ရိုးတံကျဲတဲ့ ပင်အိုထက်က
ကျေးငှက်တွေကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..
ခမ်းခြောက်ရေမဲ့ ကန္တာရထဲ
သက်ရှင်သူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..
ဒဏ်ရာအတိ နက်ရှိုင်းမှုထဲ
ငြီးတွားသူကို မေးကြည့်ပါ
နွေဟာ ပူပြင်းလွန်းတယ်တဲ့..
Read more »
Sunday, 25 November 2012
ကျွန်မနှင့် စိတ်ကူးယဉ်မင်္ဂလာဆောင်..
ဝါကျွတ်ပြီဆိုတာနဲ့ လာလိုက်တဲ့ ဖိတ်စာတွေ၊ ဖိတ်စာတွေဆိုတာ... ကျွန်မပတ်ဝန်းကျင်မှာ အောလမောတိုက်လို့ပါပဲ.. သီတင်းကျွတ်လပြည့်နေ့ကတည်းက သွားလိုက်ရတဲ့ မင်္ဂလာဆောင်တွေဆိုတာကလည်း... ပိတ်ရက်တိုင်း နီးပါးဖြစ်ခဲ့ရသလို.. သီတင်းကျွတ်မုန့်ဖိုးဆိုတာကလည်း.. လက်အုပ်ချီဖို့အတွက်တင် မဟုတ်တော့ပဲ.. မင်္ဂလာဆောင်လက်ဖွဲ့အတွက်တွေနဲ့ပါ.. ရောလို့ လာခဲ့ပြန်တယ်လေ.. မင်္ဂလာဆောင် လက်ဖွဲ့ဖိုး၊ မင်္ဂလာဆောင်သွားဖို့ အဝတ်အစား ဘာညာ ကုန်ကျစရိတ်.. အဲဒါတွေ တွက်လိုက်တော့ တော်တော်ကြီးကို စိတ်ညစ်ညူးလို့ လာခဲ့တဲ့အပြင်.. ဒီနှစ်မှ ဘာကြောင့် ကျွန်မ ဘေးနားက လူတွေ မင်္ဂလာဆောင်နေကြတာလဲလို့ ညိုညင်ချင်လာတော့တယ်.. အဲဒါတွေအပြင် အဲဒီမင်္ဂလာဆောင်ဆိုတာချည်းကို အမြင်ကတ်လို့လဲ လာသလို စိတ်ဝင်စားလို့လဲ လာပါတော့တယ်..
Read more »
Thursday, 8 November 2012
လမ်းဟောင်းထက်က တမ်းတသံ
လျှောက်နေတဲ့ ခြေလှမ်းတွေ၊ ရောက်နေတဲ့ နေရာတွေ၊ တွေးနေတဲ့ အတွေးပုံရိပ်တွေ... ဘာပဲပြောပြော ဝမ်းနည်းစရာတွေပေါ့ ချစ်သူ.. ငါတို့ခွဲခွာခဲ့တာ.. အခုဆို ၁၀ နှစ်.. ၁၀ နှစ်တောင် ရှိခဲ့ပြီပေါ့... ဒီလိုဆို ဒီနေရာကို ငါ မရောက်တာ ၁၀ နှစ်လို့ မင်းထင်မလားပဲ.. မဟုတ်ဘူး ချစ်သူ.. မဟုတ်ဘူး.. ငါ အကြိမ်ကြိမ် ရောက်ခဲ့ပြီးပါပြီ... အလုပ်ကိစ္စဆိုတာတွေကို အကြောင်းပြလို့.. အလွမ်းတွေ တူးဖော်ဖို့ ငါ အကြိမ်ကြိမ် မျက်ရည်သိမ်းခဲ့တဲ့ နေရာရယ်ပေါ့...
လမ်းတွေထက်က ငါတို့ ရယ်မောသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. ခုံတန်းရှည်အောက်က ငါတို့ ပျော်မြူးသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. အမြဲ ထိုင်နေကျ ဆိုင်လေးတွေရယ်... အမြဲရောက်နေကျ ကန်ဘောင်လမ်းလေးရယ်.. ပြန်မရနိုင်တော့တဲ့ နုပျိုခြင်းတွေရယ်.. ပြန်မဆုံနိုင်တော့တဲ့ တို့ ချစ်ခြင်းတွေရယ်ကို.. တကယ်ကို ငါ လွမ်းနေခဲ့တယ်.. ချစ်သူ..
Read more »
Tuesday, 6 November 2012
သံ ဝေ ဂ
နွေလယ်ညနေခင်း
ရင်နင့်စရာ ဝေဒနာက
ခြေဗလာကျင်း လှမ်းဝင့်ခဲ့ပြီ
ဝေးရာဆီသို့ ထွက်ပြေးသည်...
ဆောင်သယ်ယူလာ အကြင်နာက
လေပွေအဝှေ့ ပျောက်ရှခဲ့ပြီ
ချီဆောင်ရာသို့ မျောလွင့်သည်..
Read more »
Thursday, 1 November 2012
မင်းမထင်နဲ့..
မချစ်တော့ဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းလောက် ဘယ်သူ့မှ မကိုးကွယ်ခဲ့ဖူးသူပါ..
အသဲကွဲပြီလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းအသဲကို ကွဲစေခဲ့တာ ငါ မဟုတ်ကြောင်း ကျိန်ဆိုရဲတဲ့သူပါ..
မလွမ်းနေဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
အလွမ်းတွေ ပင်လယ်ဖြစ်သွားရင်တောင် မင်းအတွက် လက်ပစ်ကူးရဲခဲ့သူပါ..
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)