ဟောဗျ
ပြုတ်ကျသွားတဲ့ နှလုံးသားတစ်စုံက
တဆတ်ဆတ် တုန်နေတဲ့.. ရင်ခွင်ဆီကို
လှမ်းသတိပေးတယ်.. မေ့သင့်ပြီတဲ့..။
တကယ်ဆို..
ကမ်းလင့်တဲ့လက်.. ယူဖို့ ခက်တာလား
နမ်းသင့်တဲ့ အသက်.. ချူဖို့ ပျက်တာလား..
မရေမရာ.. အဖြေရှာပျောက်ခဲ့တယ်..။
ခက်တယ်..
မသေချာတာကို..
ပေတစ်ရာမှာ ထိုင်စောင့်ချင်သူ လူသား..
စေတနာ သဒ္ဒါကို..
ငွေအလွှာဆိုတာထဲ.. ထည့်ချင်နေသူ လူသား..။
အမှန်တော့
လုပ်သင့်တာက..
လက်ပြခြင်းတစ်ခုနဲ့ နှုတ်ဆက်ရုံပေါ့..
လုပ်ဖြစ်တာက..
မပြတ်သားခြင်းနဲ့.. သံသယစကားတချို့..။
ကဲကွာ..
မူးယစ်ရီဝေစွာ မိန်းမောတွေဝေရင်း
အဆိပ်ပင်ကို
အသက်ရှင်အောင်.. ရေဆက်လောင်းနေတယ်..။
(ရှာကြံရေးသောကဗျာတစ်ပုဒ်)
ကေပိုး
10:15 PM.
1.10.2013
အချိုကိုမှ စားချင်တဲ့ လူတစ်စုအတွက်
ReplyDeleteမထမ်းရွက်နိုင်တဲ့ ၀န်ထုပ် ကို
ဇနပုဒ်က လက်ပြတယ် ။
တိမ်ပုပ်ကွယ်တဲ့ လမင်း
နေရာတိုင်းတော့ ဘယ်လင်းမလဲ ။
ဘာရယ်မဟုတ်ဘူး
အပေါ်က ကဗျာ ကိုဖတ်ပြီးတော့
ကဗျာ လိုလို ဘာလိုလို ကိုယ့်ဖာသာ ရေးချမိသွားတာ ။
ဟောဗျ
ReplyDeleteပြုတ်ကျသွားတဲ့ နှလုံးသားတစ်စုံက
တဆတ်ဆတ် တုန်နေတဲ့.. ရင်ခွင်ဆီကို
လှမ်းသတိပေးတယ်.. မေ့သင့်ပြီတဲ့..-------------------------မေ့လို့မရတော့လဲခက်သားပဲကွယ်