ဝါကျွတ်ပြီဆိုတာနဲ့
လာလိုက်တဲ့ ဖိတ်စာတွေ၊ ဖိတ်စာတွေဆိုတာ... ကျွန်မပတ်ဝန်းကျင်မှာ အောလမောတိုက်လို့ပါပဲ..
သီတင်းကျွတ်လပြည့်နေ့ကတည်းက သွားလိုက်ရတဲ့ မင်္ဂလာဆောင်တွေဆိုတာကလည်း... ပိတ်ရက်တိုင်း
နီးပါးဖြစ်ခဲ့ရသလို.. သီတင်းကျွတ်မုန့်ဖိုးဆိုတာကလည်း.. လက်အုပ်ချီဖို့အတွက်တင် မဟုတ်တော့ပဲ..
မင်္ဂလာဆောင်လက်ဖွဲ့အတွက်တွေနဲ့ပါ.. ရောလို့ လာခဲ့ပြန်တယ်လေ.. မင်္ဂလာဆောင် လက်ဖွဲ့ဖိုး၊
မင်္ဂလာဆောင်သွားဖို့ အဝတ်အစား ဘာညာ ကုန်ကျစရိတ်.. အဲဒါတွေ တွက်လိုက်တော့ တော်တော်ကြီးကို
စိတ်ညစ်ညူးလို့ လာခဲ့တဲ့အပြင်.. ဒီနှစ်မှ ဘာကြောင့် ကျွန်မ ဘေးနားက လူတွေ မင်္ဂလာဆောင်နေကြတာလဲလို့
ညိုညင်ချင်လာတော့တယ်.. အဲဒါတွေအပြင် အဲဒီမင်္ဂလာဆောင်ဆိုတာချည်းကို အမြင်ကတ်လို့လဲ လာသလို
စိတ်ဝင်စားလို့လဲ လာပါတော့တယ်..
Pages
Sunday, 25 November 2012
Thursday, 8 November 2012
လမ်းဟောင်းထက်က တမ်းတသံ
လျှောက်နေတဲ့ ခြေလှမ်းတွေ၊ ရောက်နေတဲ့ နေရာတွေ၊ တွေးနေတဲ့ အတွေးပုံရိပ်တွေ... ဘာပဲပြောပြော ဝမ်းနည်းစရာတွေပေါ့ ချစ်သူ.. ငါတို့ခွဲခွာခဲ့တာ.. အခုဆို ၁၀ နှစ်.. ၁၀ နှစ်တောင် ရှိခဲ့ပြီပေါ့... ဒီလိုဆို ဒီနေရာကို ငါ မရောက်တာ ၁၀ နှစ်လို့ မင်းထင်မလားပဲ.. မဟုတ်ဘူး ချစ်သူ.. မဟုတ်ဘူး.. ငါ အကြိမ်ကြိမ် ရောက်ခဲ့ပြီးပါပြီ... အလုပ်ကိစ္စဆိုတာတွေကို အကြောင်းပြလို့.. အလွမ်းတွေ တူးဖော်ဖို့ ငါ အကြိမ်ကြိမ် မျက်ရည်သိမ်းခဲ့တဲ့ နေရာရယ်ပေါ့...
လမ်းတွေထက်က ငါတို့ ရယ်မောသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. ခုံတန်းရှည်အောက်က ငါတို့ ပျော်မြူးသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. အမြဲ ထိုင်နေကျ ဆိုင်လေးတွေရယ်... အမြဲရောက်နေကျ ကန်ဘောင်လမ်းလေးရယ်.. ပြန်မရနိုင်တော့တဲ့ နုပျိုခြင်းတွေရယ်.. ပြန်မဆုံနိုင်တော့တဲ့ တို့ ချစ်ခြင်းတွေရယ်ကို.. တကယ်ကို ငါ လွမ်းနေခဲ့တယ်.. ချစ်သူ..
လမ်းတွေထက်က ငါတို့ ရယ်မောသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. ခုံတန်းရှည်အောက်က ငါတို့ ပျော်မြူးသံတွေကို ငါ လွမ်းတယ်.. ချစ်သူ.. အမြဲ ထိုင်နေကျ ဆိုင်လေးတွေရယ်... အမြဲရောက်နေကျ ကန်ဘောင်လမ်းလေးရယ်.. ပြန်မရနိုင်တော့တဲ့ နုပျိုခြင်းတွေရယ်.. ပြန်မဆုံနိုင်တော့တဲ့ တို့ ချစ်ခြင်းတွေရယ်ကို.. တကယ်ကို ငါ လွမ်းနေခဲ့တယ်.. ချစ်သူ..
Tuesday, 6 November 2012
သံ ဝေ ဂ
နွေလယ်ညနေခင်း
ရင်နင့်စရာ ဝေဒနာက
ခြေဗလာကျင်း လှမ်းဝင့်ခဲ့ပြီ
ဝေးရာဆီသို့ ထွက်ပြေးသည်...
ဆောင်သယ်ယူလာ အကြင်နာက
လေပွေအဝှေ့ ပျောက်ရှခဲ့ပြီ
ချီဆောင်ရာသို့ မျောလွင့်သည်..
ရင်နင့်စရာ ဝေဒနာက
ခြေဗလာကျင်း လှမ်းဝင့်ခဲ့ပြီ
ဝေးရာဆီသို့ ထွက်ပြေးသည်...
ဆောင်သယ်ယူလာ အကြင်နာက
လေပွေအဝှေ့ ပျောက်ရှခဲ့ပြီ
ချီဆောင်ရာသို့ မျောလွင့်သည်..
Thursday, 1 November 2012
မင်းမထင်နဲ့..
မချစ်တော့ဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းလောက် ဘယ်သူ့မှ မကိုးကွယ်ခဲ့ဖူးသူပါ..
အသဲကွဲပြီလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းအသဲကို ကွဲစေခဲ့တာ ငါ မဟုတ်ကြောင်း ကျိန်ဆိုရဲတဲ့သူပါ..
မလွမ်းနေဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
အလွမ်းတွေ ပင်လယ်ဖြစ်သွားရင်တောင် မင်းအတွက် လက်ပစ်ကူးရဲခဲ့သူပါ..
မင်းလောက် ဘယ်သူ့မှ မကိုးကွယ်ခဲ့ဖူးသူပါ..
အသဲကွဲပြီလို့ မင်းမထင်နဲ့ ချစ်သူ..
မင်းအသဲကို ကွဲစေခဲ့တာ ငါ မဟုတ်ကြောင်း ကျိန်ဆိုရဲတဲ့သူပါ..
မလွမ်းနေဘူးလို့ မင်းမထင်နဲ့ ချစ်သူ..
အလွမ်းတွေ ပင်လယ်ဖြစ်သွားရင်တောင် မင်းအတွက် လက်ပစ်ကူးရဲခဲ့သူပါ..
Tuesday, 30 October 2012
ကျမကြိုက်ခဲ့တဲ့ ဇာတ်ကားလေးတစ်ကား..
ခုတလော အွန်လိုင်းပေါ်ရောက်တိုင်း တခြားအလုပ်တွေတင်မကပဲ.. နောက်ထပ် အလုပ်တစ်ခု ပိုလို့ နေခဲ့တယ်.. တခြားတော့ မဟုတ်ပါဘူး.. ငယ်ဘဝတည်းက သဘောကျကြိုက်နှစ်သက်ခဲ့တယ် ဇာတ်ကားလေးတစ်ကားကို ပြန်ရှာနေရလို့ပါပဲ.. ကျမ ကေပိုးအတွက်တော့ ကျမရှာတဲ့ကားလေးက ကျမအရမ်းကြိုက်တဲ့ ကားလေးတစ်ကားဖြစ်ခဲ့ရတယ်..
Monday, 22 October 2012
ဝေးလွန်းလှတယ်.. လမင်းငယ်
ပြတင်းပေါက်က လှမ်းအငေး
အလှမ်းဝေးတဲ့ ကောင်းကင်မှာ
ကြည်လင်စွာ ထင်အရှား
မြင့်မားစွာ ရှိနေတာ
မင်းရယ်ပေါ့ လမင်းငယ်..
ငိုနေသူ ငါ့အား
ပြုံးရယ်ကာ နင်ကြည့်တော့
အပျော်ခံ စိတ်အမြူးက
ရင်ခွင်ကို ကူးတာမို့
ပျော်ရွှင်မယ် ငါ ထင်ခဲ့ဖူးတယ်..
အလှမ်းဝေးတဲ့ ကောင်းကင်မှာ
ကြည်လင်စွာ ထင်အရှား
မြင့်မားစွာ ရှိနေတာ
မင်းရယ်ပေါ့ လမင်းငယ်..
ငိုနေသူ ငါ့အား
ပြုံးရယ်ကာ နင်ကြည့်တော့
အပျော်ခံ စိတ်အမြူးက
ရင်ခွင်ကို ကူးတာမို့
ပျော်ရွှင်မယ် ငါ ထင်ခဲ့ဖူးတယ်..
Subscribe to:
Posts (Atom)