Pages

Wednesday, 16 October 2013

ဗုံးနဲ့ ပတ်သက်ရင် ရေပုံးတောင် စေ့စေ့ မကြည့်ချင်တဲ့..... ငစံ



ဗုံးတွေ ပေါက်ကြတော့.. ပထမဆုံး သတိရမိတာ.. ငစံ... ရွပိုးထိုးတတ်တဲ့ ကျနော့်သူငယ်ချင်း...
လွန်ခဲ့တဲ့ ၂၀၀၅ ရဲ့ မေမှာ.. ထီပေါက်တဲ့အကောင်.. အခုတော့လည်း ဇနီးချောလေး ရလို့ ကောင်းစားလို့ နေပေါ့..


ငစံတို့ ဘယ်လောက်တောင် ကံကောင်းလည်းဆို.. သူများတွေ .. အသီးသီး အသက.. ပါရက်နဲ့.. ဘာဆိုဘာမှ မဖြစ်ပဲ.. သူ့ကျမှ ထီကွက်ပေါက်တာက.. ဆုအကြီးကြီး


အဲ့နေ့က.. ကျနော်က.. အိမ်မှာ တီဗီကြည့်ကောင်းနေတုန်း.. မောင်လေးသူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်.. ဒဂုံစင်တာမှာ၊ ဂျန်းရှင်းအိတ်မှာ၊ ပုဇွန်တောင်မှာ.. ဟိုမှာ ဒီမှာနဲ့ သတင်းပေးတာကြောင့်.. အိမ်ရှိ လူကုန် ရေတွက်တော့.. အကုန်စုံတာမို့.. သက်မ ချတုန်း ရှိသေး.. သတင်းတစ်ခုက ဝင်လာပါရောလား..


Saturday, 12 October 2013

နောက်မဆုတ်ပါနဲ့..



အတူတူ လျှောက်မယ့်လမ်း
ခြေလှမ်း တစ်ထပ်တည်း မကျခဲ့ရင်
မောင်..
မေ လိုက်ညှိပါ့မယ်လေ..။

 
အသိုင်းအဝိုင်းအလွှာက
မောင့်အတွက် အရာရာဆိုရင်
မေလေ..
မောင့်ဘဝထဲ ဆင်းခဲ့ပါ့မယ်လေ..။

Tuesday, 1 October 2013

မိုက်



ဟောဗျ

ပြုတ်ကျသွားတဲ့ နှလုံးသားတစ်စုံက
တဆတ်ဆတ် တုန်နေတဲ့.. ရင်ခွင်ဆီကို
လှမ်းသတိပေးတယ်.. မေ့သင့်ပြီတဲ့..။
 


တကယ်ဆို..

ကမ်းလင့်တဲ့လက်.. ယူဖို့ ခက်တာလား
နမ်းသင့်တဲ့ အသက်.. ချူဖို့ ပျက်တာလား..
မရေမရာ.. အဖြေရှာပျောက်ခဲ့တယ်..။

Wednesday, 11 September 2013

အလွှာ


လေထဲတိုက်အိမ်ဆောက်တာ မဟုတ်ပေမဲ့
မြေထဲ လမ်းတွေလျှောက်တဲ့အခါ
မတူညီရာ အလွှာတရားတွေက
လူကမ္ဘာကို ဝင်လာဖျက်ဆီးတယ်..


တစ်နေရာထဲ ရပ်နေရာက
အဆင့်အတန်းတွေ သတ်မှတ်ကြတယ်
တစ်နေရာထဲ လာခဲ့ရာက
လားရာလမ်းတွေ သတ်မှတ်ကြတယ်..

Saturday, 7 September 2013

သခင့်ဆီသို့ ရည်ညွှန်းသည်..


နှုတ်က ချစ်ခြင်း
ရင်တွင်းဖွဲ့ကာ
ဖြစ်တည်လာလည်း
ပေးအပ်မည့်သူ
ငြူစူသည်မို့
လက်သိပ်လျှိုကာ
ပုန်းခိုပြန်သည်
သခင် မကြင်၍ ငိုမိသည်..

Monday, 2 September 2013

မိုးထိတဲ့ မာန



ဝေဒနာ မဖြေသာပါဘူး
မကြေညာ တွေဝေကာနေတာမို့
လေညာမှာ ပျော်သလိုသာ နေလိုက်စမ်းပါ့
မောင်မုန်းတဲ့ ခင့်ကို
စောင်းငဲ့လို့တော့ မကြည့်စေနှင့်
မောင့်အသနားတော့ဖြင့် မခံလို..။


လွမ်းပိုလို့ ကျွမ်းငိုကာ လွမ်းစေဦး
မှန်းမျှော်ကာ မတအောင် နေလိုက်မယ်
လွမ်းဝေလို့ နာဖျားပါစေတော့
ခင့်အချစ်က ဘယ်လောက်ပိုပို
မောင်သိအောင် ကြေညာမယ့်
မိုးထိတဲ့ မာန .. မောင်သိလို့ နေစေဦးတော့..။


ကေပိုး
10:30 PM.
2.9.2013.