Pages

Thursday, 2 August 2012

ကျွန်မဖတ်ခဲ့ရသော ကမ္ဘာ့နိုင်ငံရေးလောကမှ သြဇာလွှမ်းမိုးအမျိုးသမီးများ..


စာဖတ်အားနည်းတဲ့ ကျွန်မ .. မနေ့က သူငယ်ချင်းတစ်ယောက်ဆီက သုတအမျိုးအစား စာအုပ်တစ်အုပ် ယူဖတ်ရတယ်... လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က ဖြိုးသာရ ပြုစုထုတ်ဝေတဲ့ ကမ္ဘာ့နိုင်ငံရေးလောကမှ သြဇာလွှမ်းမိုး အမျိုးသမီးများဆိုတဲ့ စာအုပ်ပါ.. လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က စာအုပ်မို့ up to date မဟုတ်တော့ပေမဲ့ ဗဟုသုတ အများကြီးတော့ ရခဲ့ပါတယ်.. အထူးသဖြင့်တော့ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ အမျိုးသမီးများရဲ့ အကြောင်း၊ သူတို့ရဲ့ ဘဝ၊ သူတို့ရဲ့ ဒုက္ခမျိုးစုံကိုသာမက လေးစားလောက်ဖွယ်ရာ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကိုပါ လေ့လာခဲ့ရတယ်.. 

ပထမဆုံးဖတ်ရတာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လူမဲအမျိုးသမီး ကွန်ဒိုလီဇာရိုက်စ်အကြောင်းပါပဲ.. သူမရဲ့ ပညာအရည်အချင်းက စံတင်လောက်အောင်... အသက် ၂၆ နှစ်နဲ့ နိုင်ငံရေးသိပံ္ပပါရဂူဘဲ့္ပကို ရရှိခဲ့တာပါပဲ.. သူမ ၈ နှစ်သမီးအရွယ်မှာ သူမတို့ အိမ်နားက လူမည်းအမေရိကန်ဘုန်းကြီးကျောင်း တစ်ကျောင်းကို ဗုံးဖောက်ခွဲခံခဲ့ရတယ်.. အဲဒီဗုံးပေါက်ကွဲမှုမှာ သူမရဲ့ သူငယ်ချင်းတစ်ယောက် သေဆုံး ခဲ့ရတယ်.. အဲဒီကတည်းက သူမရဲ့စိတ်ထဲ လူမျိုးရေးခွဲခြားမှုကို မုန်းတီးခဲ့တယ်.. ဘွဲ့ရပြီးနောက် နိုင်ငံရေး
လောကထဲ ဝင်ရောက်ခဲ့ပြီး သမ္မတဂျော့အိပ်ခ်ျဒဗလျူဘုရှ်ရဲ့ အစိုးရအဖွဲ့တွင် ဒုတိယ အကြီးအကဲတာဝန်
နှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်.. သူမရဲ့ တင်းမာသော ဆက်ဆံမှု၊ ဖော်ရွေ
သောအသွင်တို့ကြောင့် လူအများက သူမကို Warrior Princess (စစ်သည်တော် မင်းသမီး) ဟု ခေါ်ဝေါ်ကြ တယ်.. သူမရဲ့ အောင်မြင်မှုတွေကြောင့် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွေမှာ တိုင်းမ်စ်မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးနိုင်ဆုံးပဂ္ဂိုလ်အဖြစ် အရွေးချယ်ခံခဲ့ရတယ်.. 

Sunday, 29 July 2012

ကေပိုးနှင့်အကောင်ရှည်တိုက်ပွဲ - ၁

               မြို့သစ်ဆိုတဲ့ စကားနဲ့အညီ လယ်ကွက်၊ ရွံ့ဗွက်ပေါများလှတဲ့ ကေပိုးတို့ မြို့နယ်ကတော့ဖြင့် မြို့သစ်ထုံးစံအတိုင်း အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံနဲ့ တည်ရှိနေခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ခဲ့ပါတယ်.. အကောင်ရှည်လို့ ဆိုလိုက်ကတည်းကလည်း မျက်လုံးထဲ မြင်ယောင်လာခဲ့တာက မြွေဆိုးဆိုတာပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့.. အမှန်ပါပဲ.. မြို့သစ်နေ ကေပိုးတို့လို လူတွေအတွက် ဒုက္ခမျိုးစုံထဲက တစ်ခုကတော့ မြွေဆိုတဲ့ အန္တရာယ်တစ်ခုပါပဲ.. မြို့သစ်မို့ ပေါများလှတဲ့ အကောင်ပေါင်းစုံ ထဲမှာ အန္တရာယ်အရှိဆုံးကတော့ မြွေအန္တရာယ်ပဲ ဖြစ်လိမ့်မယ်ဆိုတာ မြို့သစ်နေ သူငယ်ချင်းတိုင်း သိထားပြီးသား ဖြစ်လိမ့်မှာပါ..

               ဒီလိုအန္တရာယ်မျိုးစုံရှိတဲ့ မြို့သစ်မှာ အနေကြာလာတဲ့ ကေပိုးကတော့ မြွေကို မျိုးစုံနီးပါး၊ ဆိုဒ်စုံနီးပါး တွေ့ဖူးခဲ့ပါတယ်.. anaconda ဆိုတဲ့ မြွေမျိုးတွေက လွဲလို့ပေါ့.. ဒါတောင် ခလောက်မြွေဆိုတာမျိုးက သဲကန္တာရမှာပဲ အနေများတယ် ဆိုလို့သာပေါ့.. မြွေဆိုရင် သံကွင်းစွပ်၊ မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေ၊ ငန်းစပ်၊ လင်းမြွေ အစရှိသည်ကနေ.. အဆိပ် မရှိပါဘူးလို့ ဆိုကြတဲ့ ရေမြွေတွေအထိ တော်တော်များများ မြင်ဖူးခဲ့တယ်.. မြင်တာများတော့ အဲလိုမြွေတွေကို ကေပိုး ကြောက်ရကောင်းမှန်းလဲ မသိတော့ဘူးလေ.. ကေပိုးနေတဲ့အိမ်က နိမ့်တော့.. ခဏ၊ ခဏ .. ခြံဝင်းထဲ မြွေဝင်လို့၊ ဧည့်ခန်း ထဲ မြွေဝင်လို့ဆိုတာမျိုးတွေ၊ ထိုင်ခုံအောက် တက်နင်းမိမလိုလို ဖြစ်ရတာမျိုးတွေ ခဏ၊ ခဏ ကြုံခဲ့ရတယ်..

Tuesday, 10 July 2012

၃၀ ဖီလင်..



ယောင်နန နိုးထလာတဲ့ ဒီမနက် .. မနေ့ကလို မိုးတွေ ထစ်ချုန်း ရွာမနေပဲ.. လှပသာယာလို့ နေခဲ့တယ်.. လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဒီလိုနေ့ရက်မျိုးမှာ ကေပိုးဆိုတဲ့ မိန်းမတစ်ယောက် မွေးခဲ့သတဲ့.. အော်.. အခုတော့ ဘာလိုလိုနဲ့ ဒေါ်ကေပိုး အသက် ၃၀ ရှိခဲ့ပြီ.. ကေပိုး.. ကေပိုးနဲ့ ခေါ်နေရာက သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ သတ်မှတ်ချက်မှာ ဒေါ်တပ်ပြီး ခေါ်ခံခဲ့ရပြီလေ.. ဒေါ်ကေပိုး တဲ့..

ဒီနေ့ရက် မရောက်ခင် အချိန်တော်တော်ကြာကတည်းက .. ဘယ်လိုများ ခံစားရမလဲလို့ ဆိုပြီး.. ဒီနေ့ရက်ကို မျှော်လင့်နေခဲ့မိတယ်.. မွေးနေ့ကူးတဲ့ ညကတည်းက မအိပ်ပဲ စဉ်းစားလိုက်၊ တွေးတောလိုက်၊ ငေးမောလိုက်နဲ့ နေလာလိုက်တာ မွေးနေ့ မနက်လဲ ရောက်ရော.. အိပ်ချင်စိတ်တွေ ကြီးစိုးပြီး ခဏတဖြုတ် အိပ်ပျော်သွားလိုက်တာ ရုံးသွားချိန်လောက်မှ ကျွန်မ နိုးထလာခဲ့တယ်.. အော်.. ဒီနေ့ ၃၀ ပြည့်ပြီတဲ့..

Tuesday, 26 June 2012

မောရသည်..

လေရဲ့အဟုန်
ခြေအစုံနှင့်
လှမ်းဝံ့ချင်လည်း
ကမ်းလင့်တဲ့လက်
ဆိုင်းငင့်သည်မို့
တပ်ဆုတ်ခြေခွာ
နေခဲ့ရှာသည်
အော်..
မျှော်တော်ဇောနှင့် မောရသည်...

Monday, 25 June 2012


လောကစည်းစိမ်

ရင်ခုန်သံ တစ်စုံကြား..
ဗျာများရပြန်ပါ့..

ပါခဲ့ပေါ့ ဒီသေရည်..
ရီဝေဝေ တကယ်ကောင်းမို့..

ရွှင်လန်းခဲ့ ဒီခြေနေ..
ဖြစ်သမျှ အကုန်ပျောက်လို့..

ဒီရွှေလောက 
အို.. အကုန်မေ့ခဲ့ပါပေါ့လား..

Tuesday, 12 June 2012

တမ်းတချိန်..



ဒီကျောင်း၊ ဒီပရဝုဏ်ကို ပြန်မရောက်ချင်ခဲ့ပေမဲ့လည်း မတတ်နိုင်စွာပဲ နောက်တစ်ဖန် ပြန်လည် ရောက်ခဲ့ရပြန်ပြီ ဖိုးကို.. ဒီနေရာ၊ ဒီဒေသက ငါ့အတွက် ဒဏ်ရာဟောင်းကို ပြန်ပေါ်စေခဲ့တာပဲလား.. ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲတစ်လုံး လွင့်စင်စေခဲ့ပြန်ပြီ ထင်ပါရဲ့ဟာ.. ရင့်ကျက်တဲ့အရွယ် ရောက်နေ ခဲ့ပေမဲ့ အတိတ်ဟောင်းရဲ့အရိပ်က ငါ့ကို ထပ်မံနှိပ်စက်ခဲ့ပြန်ပြီလေ..


လာခဲ့တုန်းက အသိတီချယ်တစ်ယောက်က လှမ်းခေါ်လို့… ဒါပေမဲ့ ဖိုးကိုရယ်.. ဒီပတ်ဝန်းကျင်က နင်နဲ့ငါ့ရဲ့ အတိတ်ကို ပြန်လည်ဆန်းသစ်စေပြန် ပါရောလား.. အထက်တန်းအောင်လို့ တက္ကသီလာဆီ စတင်ရောက် ခါကစ ငါ့နှလုံးသားကို တံခါးခေါက်လာခဲ့တဲ့ သစ်ရွက်ဟောင်းကလေးတစ်ရွက်ကို တွေ့နိုင်မလားလို့ ခုတဖန် လိုက်ရှာခဲ့မိပြန်ပြီလေ.. ဒါပေမဲ့ အတိတ်ရဲ့အရိပ်ဟောင်းတွေပဲ ငါ ပြန်ရှာတွေ့ခဲ့တယ် ဖိုးကို..




Tuesday, 5 June 2012

ဘဝတစ်ခု အဆုံးသတ်ခြင်း(သို့မဟုတ်) နားခိုရာအမှန်


အချစ်ကို နားလည်သလောက် ရှင်းစမ်းဆိုရင် ရှင်းပြနိုင်မယ် မထင်ခဲ့ဘူး.. ဒါပေမဲ့ ချစ်ခဲ့ဖူးတာတွေတော့ များခဲ့သား.. ကြာတော့ အချစ်ဆိုတာထက် ကိုယ့်အချစ်ကို ကိုယ် မယုံတော့တာတွေများလို့ လာတော့တယ်.. ဒါပေမဲ့ မချစ်တော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ခဲ့ဘူး... ကင်းကွာ မနေနိုင်တာ လဲ ပါမယ်ထင်တယ်.. ချစ်လိုက်၊ မုန်းလိုက် သံသရာထဲ တဝဲလည်လည်နဲ့ မလွတ်နိုင်ခဲ့ပါဘူး.. ကိုယ်ကိုယ်တိုင် အချစ်ကို မယုံခဲ့ချင်ပေမဲ့လည်း တစ်ခါ တစ်ခါ ချစ်တတ်လာတာ၊ ခံစားတတ်လာတာတွေကို လစ်လျူ မရှုနိုင်ခဲ့ပြန်ဘူးလေ.. ဒါပေမဲ့ အခုအချိန်မှာ၊ ဒီအသက်အရွယ်မှာ အချစ်ဆိုတာထက် လေးပင်နက်နဲတာတွေ ရှိနေပါလားဆိုတာ သေချာသိလာခဲ့သလို.. အချစ်ထက် အရေးကြီးတာတွေနဲ့ ဘဝတစ်ခု တည်ဆောက်လို့ ရပါလား ဆိုတာတွေကို နားလည်သဘောပေါက်လာခဲ့တယ်...

အရင်က ကိုယ့်စိတ်၊ ကိုယ့်သဘောအတိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်တာတွေကို သဘောကျနှစ်ချိုက်မိခဲ့သလို.. ကိုယ်ထင်ရာ ကိုယ်လုပ်ချင်တဲ့ စိတ်ကိုလဲ ကျေနပ်အားရ ဖြစ်ခဲ့ဖူးတယ်.. ကိုယ့်အတွက် အချုပ်အနှောင်ဆိုတာ ကိုယ်ခံယူမှသာ ရတဲ့ ဘဝမျိုးကို စိတ်ကျေနပ်ဖြစ်ခဲ့သလို ငါ့ဘဝမှာ ဘယ်သူမှ ငါ့ကို တားဆီးပိုင်ခွင့် မရှိရဘူး.. မရှိအောင်နေမယ်လို့ ကြွေးကြော်ဖူးခဲ့တယ်.. ငါ့စိတ်နဲ့ ငါ ချစ်လိုက်မယ်၊ မုန်းလိုက်မယ်.. ခံစားလိုက်မယ်၊ စံစားလိုက်မယ်လို့ တွေးခဲ့တယ်.. ချစ်နေတုန်း ၊အရှိန်တက်နေတုန်းတော့.. ဒါတွေနဲ့ အချိန်တွေကို နစ်မျောလိုက်ချင်ခဲ့တယ်.. အဲ.. မုန်းပြီ၊ မေ့ပြီ ဆိုရင်တော့ .. ဘယ်လောက်ကြီး ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ .. လှည့်မကြည့်ချင်ခဲ့မိတဲ့ စိတ်တွေနဲ့ ခံစားပစ်လိုက်တဲ့အထိပါပဲ..