မနေ့က ၂၀၁၃ ပြောင်းတယ်..
၂၀၁၂ က မနေ့တစ်နေ့ကလိုပါပဲ..
အသစ်ရောက်လာတဲ့နှစ်က ပျော်ရွှင်ခြင်းတွေကို ဆောင်ယူလာမှာလား..
ဝမ်းနည်းခြင်းတွေကို ဆောင်ကျဉ်းလာမှာလား.. ကြိုပြီး မမြင်နိုင်တာတော့
အမှန်ပါပဲ.. ဘာတွေပဲဖြစ်ဖြစ်.. တားဆီးမရစွာပဲ.. နှစ်သစ်တစ်ခုက
မြန်မြန်ဆန်ဆန် ချဉ်းနင်း ဝင်ရောက်လာခဲ့ပြန်တယ်..
သက္ကရာဇ်တစ်နှစ်တိုးလာတော့.. အသက်က တစ်နှစ်ကြီးလာပြန်တယ်.. နောင်တတရားတွေ
ပိုလာခဲ့သလို.. ပျော်ရွှင်ကျေနပ်ခြင်းတွေလဲ ရင်မှာ ပိုက်လာခဲ့ပြန်တယ်..
မွေးကင်းစက ဒီအရွယ်အထိ.. ဖြစ်ပျက်ပြောင်းလဲတာတွေ သေချာမှတ်မိဖို့ဆိုတာ..
ဝေးလို့ နေခဲ့ပြန်တယ်.. ဟိုအရင်ချိန်တွေကို ပြန်တမ်းတဖို့ဆိုတာထက်..
ပြီးခဲ့တဲ့ ၂၀၁၂ ကိုတောင် အလုံးစုံမှတ်မိနိုင်ဖို့ ဦးနှောက်က
အလုပ်မလုပ်နိုင်ခဲ့ပြန်ဘူး.. ဒါကို ယူတတ်ရင် သံဝေဂလို့
ကင်ပွန်းတပ်ချင်တယ်.. ကိုယ်လဲ မငယ်တော့ဘူးကိုး…
