တစ်နှစ်ပြီး တစ်နှစ် ကုန်ခဲ့ပြန်ပြီ..
တစ်နှစ်ပြီး တစ်နှစ် ပျော်ခဲ့ပြီးပြီ..
ဒီတစ်နှစ်လည်း.. နှစ်စဉ်နှစ်တိုင်းလို.. ပျော်ရွှင်ရမည်ပေါ့….
မျှော်လင့်ခဲ့တယ်.. ထင်မှတ်ခဲ့တယ်.. ယုံကြည်ခဲ့တယ်….
ဒါပေမဲ့လည်း…..
…………………………………
မျက်လုံးတွေ… မျက်လုံးတွေ…
သနားတာလား.. ဂရုဏာသက်တာလား….
စုပ်တသပ်သပ်နဲ့..
ခန်းမကြီး အပြည့်.. မျက်လုံးတွေ..
မမြင်ပါရစေနဲ့… မကြည့်ပါရစေနဲ့.. မကြည့်နေကြပါနဲ့…
Pages
Thursday, 7 March 2013
Tuesday, 26 February 2013
စိတ်နှင့်ခေါင်းအုံး
ကိန်းဂဏန်းတွေ ပြေးလွှားနေတဲ့.. အမြင်တွေ
တရိပ်ရိပ်နဲ့ မူးနောက်လာတဲ့ .. အာရုံတွေ
တဒိတ်ဒိတ်နဲ့ တုန်မြည်လာတဲ့.. ရင်ခုန်ခြင်းတွေ..
အသက်ရှုသံတွေ ပြင်းထန်လာတယ်..
ဆွဲငင်ရာကို လွင့်ပါ မျောတယ်..
တွေးလိုရာ.. စီးဝင်တွေးတယ်..
ဘာတွေ ဘယ်ရောက်ရောက်..
လာပါ ခေါ်သူနောက်..
တကောက်ကောက် လိုက်ဖို့ ကြံမိပြန်တယ်..
ရုန်းထွက်နိုင်ဖို့ ခဲရင်း ပြန်တော့..
အထိအတွေ့ သာယာမိပြန်တယ်..
ဘာပဲပြောပြော..
အေးချမ်းခြင်း နိဗ္ဗာန်လေး..
ရှာဖွေတွေ့ရင်း...
စီးမျော ခံစားမိခဲ့ပြန်တယ်လေ.....။
ကေပိုး
9:00 PM.
25.2.2013.
တရိပ်ရိပ်နဲ့ မူးနောက်လာတဲ့ .. အာရုံတွေ
တဒိတ်ဒိတ်နဲ့ တုန်မြည်လာတဲ့.. ရင်ခုန်ခြင်းတွေ..
အသက်ရှုသံတွေ ပြင်းထန်လာတယ်..
ဆွဲငင်ရာကို လွင့်ပါ မျောတယ်..
တွေးလိုရာ.. စီးဝင်တွေးတယ်..
ဘာတွေ ဘယ်ရောက်ရောက်..
လာပါ ခေါ်သူနောက်..
တကောက်ကောက် လိုက်ဖို့ ကြံမိပြန်တယ်..
ရုန်းထွက်နိုင်ဖို့ ခဲရင်း ပြန်တော့..
အထိအတွေ့ သာယာမိပြန်တယ်..
ဘာပဲပြောပြော..
အေးချမ်းခြင်း နိဗ္ဗာန်လေး..
ရှာဖွေတွေ့ရင်း...
စီးမျော ခံစားမိခဲ့ပြန်တယ်လေ.....။
ကေပိုး
9:00 PM.
25.2.2013.
Saturday, 9 February 2013
မသိပါဘူးခမျာ..
ကျွန်တော်လား..
အဲ့နေ့ကို သတိမရပါဘူးဗျာ..
ဒါမယ့်.. ခများပြောတဲ့ ဗာလင်တိုင်းဆိုလား.. ဘာတိုင်းဆိုလား
အဲ့နေ့တော့ သိတယ်ခမျ..
ဘာလို့လည်းဆိုတော့..
မနှစ်က အဲ့နေ့မှာ.. ရပ်ကွက်ထဲက ကောင်မလေးတွေဗျာ..
ဝတ်ကောင်းစားလှလေးတွေ ဝတ်လို့..
လမ်းတောင် မလျှောက်ပါဘူး..
လမ်းမကြီးဆီ ရောက်ဖို့..
ကျွန်တော့် ဆိုက်ကား.. ငှားစီးတယ်လေဗျာ..
အဲ့နေ့အတွက်.. မနက်ရော.. ညပါ..
နင်းကြေး မတရား ရတာမို့..
အဲဒီနေ့လေးတော့.. မှတ်ထားခဲ့တာ မဟုတ်ဘူး..
မှတ်မိနေခဲ့တာဗျ..
အဲ့နေ့ကို သတိမရပါဘူးဗျာ..
ဒါမယ့်.. ခများပြောတဲ့ ဗာလင်တိုင်းဆိုလား.. ဘာတိုင်းဆိုလား
အဲ့နေ့တော့ သိတယ်ခမျ..
ဘာလို့လည်းဆိုတော့..
မနှစ်က အဲ့နေ့မှာ.. ရပ်ကွက်ထဲက ကောင်မလေးတွေဗျာ..
ဝတ်ကောင်းစားလှလေးတွေ ဝတ်လို့..
လမ်းတောင် မလျှောက်ပါဘူး..
လမ်းမကြီးဆီ ရောက်ဖို့..
ကျွန်တော့် ဆိုက်ကား.. ငှားစီးတယ်လေဗျာ..
အဲ့နေ့အတွက်.. မနက်ရော.. ညပါ..
နင်းကြေး မတရား ရတာမို့..
အဲဒီနေ့လေးတော့.. မှတ်ထားခဲ့တာ မဟုတ်ဘူး..
မှတ်မိနေခဲ့တာဗျ..
Saturday, 19 January 2013
ကျွန်မနှင့် ဝန်ဆောင်မှု
မင်္ဂလာပါရှင်..
ကျေးဇူးတင်ပါတယ်ရှင်..
ကြားနေကျ အလွယ်ကူဆုံးစကားလေးတွေပါ.. လောကဝတ်လို့ပဲဆိုဆို.. လူ့ကျင့်ဝတ်လိုပဲ ဆိုဆို.. နေ့စဉ်လူမှုဘဝထဲ မြင်ရ ကြားရနေတဲ့ အလွယ်ကူဆုံး စကားလုံးတွေပါ.. အဲဒီစကားလုံးတွေကို နှုတ်က လွယ်လွယ် ထွက်နိုင်ကြသလားလို့.. မေးကြည့်ရင် .. ထွက်နိုင်တယ်လို့.. လူတော်တော်များများ. ဖြေကြဦးမှာပါ.. အဲဒီလိုပဲ.. ကျွန်မလည်း အရင်က ထင်မြင်ခဲ့ဖူးပါတယ်.. အဲလို ထင်မြင် မိတယ်ဆိုရင်.. တစ်ချက်တော့ စဉ်းစားကြည့်ကြတာပေါ့.. Customer Service ဆိုတဲ့ သင်တန်းတွေ.. ဘယ်မှာလာ ပေါ်ပေါက် လာနိုင်မှာပါလဲလို့..
အရင်က ကျွန်မ.. အဲဒီလို service ပေးရတဲ့ အလုပ်ဆိုတာကို လွယ်ကူမယ် ထင်ခဲ့ဖူးတယ်.. ကိုယ်ကိုယ်တိုင် တကယ်တမ်း လုပ်ဖြစ်ပြီဆိုတော့မှ .. အရမ်းကို ခက်ခဲမှန်း သိလိုက်ရတယ်.. ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက.. အထူးသဖြင့်တော့.. customer ကို service နိုင်နိုင်ပေးရတဲ့.. လုပ်ငန်းတစ်ခု.. အဲဒီလုပ်ငန်းရဲ့ operation ပိုင်းကို တစ်ခါမှ မဝင်ရောက်ဖူးခဲ့တော့.. service ပေးခြင်း ဆိုတဲ့ နည်းလမ်းတွေ၊ နည်းနိဿယတွေ ဘာတစ်ခုမှ မသိခဲ့ပါဘူး.. သူငယ်ချင်းတွေနဲ့ ပြောပြောနေတဲ့.. smile.. smile... ဝီစကီ.. ဝီစကီ ဆိုတာတွေနဲ့.. တော်သင့်ရုံ လူမှုဆက်ဆံရေးလေးနဲ့.. ရီပြရတာတွေနဲ့.. ထင်တစ်လုံး ရမ်းနေတဲ့ ကျွန်မ.. service ဆိုတဲ့ အလေ့အကျင့်.. service ပေးခြင်းရဲ့ စိတ်ခံစားချက်တွေကို.. လက်တွေ့ကျကျ သိမြင်လိုက်တော့မှ တကယ် မလွယ်မှန်း သိလာခဲ့ရပါတယ်..
Wednesday, 2 January 2013
၂၀၁၂ သို့.. နှစ်ချုပ်စာရင်းတင်ခြင်း
မနေ့က ၂၀၁၃ ပြောင်းတယ်..
၂၀၁၂ က မနေ့တစ်နေ့ကလိုပါပဲ..
အသစ်ရောက်လာတဲ့နှစ်က ပျော်ရွှင်ခြင်းတွေကို ဆောင်ယူလာမှာလား..
ဝမ်းနည်းခြင်းတွေကို ဆောင်ကျဉ်းလာမှာလား.. ကြိုပြီး မမြင်နိုင်တာတော့
အမှန်ပါပဲ.. ဘာတွေပဲဖြစ်ဖြစ်.. တားဆီးမရစွာပဲ.. နှစ်သစ်တစ်ခုက
မြန်မြန်ဆန်ဆန် ချဉ်းနင်း ဝင်ရောက်လာခဲ့ပြန်တယ်..
သက္ကရာဇ်တစ်နှစ်တိုးလာတော့.. အသက်က တစ်နှစ်ကြီးလာပြန်တယ်.. နောင်တတရားတွေ
ပိုလာခဲ့သလို.. ပျော်ရွှင်ကျေနပ်ခြင်းတွေလဲ ရင်မှာ ပိုက်လာခဲ့ပြန်တယ်..
မွေးကင်းစက ဒီအရွယ်အထိ.. ဖြစ်ပျက်ပြောင်းလဲတာတွေ သေချာမှတ်မိဖို့ဆိုတာ..
ဝေးလို့ နေခဲ့ပြန်တယ်.. ဟိုအရင်ချိန်တွေကို ပြန်တမ်းတဖို့ဆိုတာထက်..
ပြီးခဲ့တဲ့ ၂၀၁၂ ကိုတောင် အလုံးစုံမှတ်မိနိုင်ဖို့ ဦးနှောက်က
အလုပ်မလုပ်နိုင်ခဲ့ပြန်ဘူး.. ဒါကို ယူတတ်ရင် သံဝေဂလို့
ကင်ပွန်းတပ်ချင်တယ်.. ကိုယ်လဲ မငယ်တော့ဘူးကိုး…
Wednesday, 19 December 2012
လှမ်းလို့ လာခဲ့ပြီ...
ကျွန်မမှာ ချစ်သူရှိတယ်.. ကျွန်မချစ်သူကို သူများတကာချစ်သူစုံတွဲတွေ နည်းတူ.. သိပ်ချစ်တယ်.. တစ်နေ့က ကျွန်မချစ်သူက.. ကျွန်မကို စကားတစ်ခွန်း ပြောခဲ့တယ်..
လက်ထပ်ချင်ပြီ တဲ့
ရင်ခုန်ရမှာလား၊ ကြည်နူးရမှာလား၊ စိုးထိတ်ရမှာလား….
သေချာမသိခဲ့ဘူး…
တကယ် သေချာသိခဲ့တာတော့.. ကျွန်မ မဝံ့ရဲဘူး.. ကျွန်မ ကြောက်တတ်သေးတယ်… ဒါပေမဲ့လည်း…..
Monday, 10 December 2012
ဆောင်းလွမ်းပန်းချီ
ကတိုက်ကရိုက်.. ကသောကမျော.. မနက်ခင်းတိုင်းက ကျွန်မအတွက်တော့
ထူးဆန်းမှုမရှိ .. အသားကျ လို့ နေပြန်သည်.. ဒီနေ့လည်း.. အရင်နေ့တွေအတိုင်း ..
မိုးလင်းတာနဲ့ ရုံးသွားဖို့ ပြင်ဆင်လို့.. ဖယ်ရီရောက် ချိန် မနက်ခင်း..
ဖယ်ရီမှီဖို့.. အိမ်က အလျင်အမြန် ပြေးထွက်ခဲ့ပြန်ပါသည်.. အိမ်ဝကအထွက်..
လမ်းဘေး ဆီက မြက်ခင်းတစ်ချို့ကို နင်းမိစဉ်ခဏ.. စိုရွှဲသွားတဲ့ ဖိနပ်ကို
ကြည့်မိရင်း.. ဒေါသက ထစ်ခနဲ ထွက်သွားခဲ့ ရပြန်သည်.. ဖိနပ်ရေစိုတာကို..
မုန်းတာကြောင့်ကိုး...
ဒေါသနဲ့ ကြည့်မိတဲ့ မြက်ခင်းပြင်.. အို.. အလွန့်ကို လှပလို့
နေခဲ့ပြန်တယ်.. မြက်ပင်ကလေးတွေကို ကြည့်ရင်း ခေါင်းထဲ လက်ကနဲ သတိရသွားတာက
သီချင်းတစ်ပုဒ်..
တိုးတိုးလေး တဖန်.. ညည်းမိပြန်သည်..
ဆောင်းပန်းချီ.. ခြုံလွမ်းလို့  ချမ်းလှပြီတကယ်
နှင်းရည်.. စိုလူးလို့  ဖျန်းပက်ကျီစယ်
Subscribe to:
Posts (Atom)