Pages
Monday, 30 December 2013
The Journey of My Colourful Tolly
ဒီအချိန် သူများတွေလည်း ဒါပဲ ရေးမှာပဲ.. ကိုယ်ကိုယ်တိုင်လည်း ဒါပဲ ရေးမှာပဲ.. ထူးမခြားနား လူ့လောက ကတော့.. ဒါတွေနဲ့.. ဒါပြီး ဒါပြန်တွေနဲ့… ဒီလိုပဲ သူလိုကိုယ်လို အတွေးတွေနဲ့ ပျံ့ကြဲရင်း.. ကျနော်လည်း လူ့မနောထဲ စီးဝင်လို့.. ဒီအကြောင်းပဲ ထပ်ရေးမိပြန်တယ်…
၂၀၁၃ မှသည် ၂၀၁၄ ဆီသို့လို့ပဲ.. ခေါင်းစဉ်တပ်ရမလား.. ဘယ်လို ခေါင်းစဉ် တပ်ရမလဲ.. သူများတွေလို ဘာတွေ ထည့်ရေးရင် ကောင်းမလဲ.. ဘယ်လို စာတွေ စီရင်ကောင်းမလဲဆိုတာတွေ ပြည့်နှက်လို့.. ကိုယ်ရေးတဲ့ စာတစ်ပုဒ်.. လှစေချင်ခဲ့တာတော့ အမှန်ပါ..
မနက်ဖြန်၊ သဘက်ခါဆို ၂၀၁၄ ကူးပြောင်းပြီဆိုတဲ့ အတွေးက.. တခါတခါကျ.. ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ပြန်သတိရစေပြန်တယ်.. ဒါပေမဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ၂၀၁၃ ကိုတောင် သေချာမမှတ်မိတဲ့ ဒီဦးနှောက်က မိုက်ရူးရဲစွာ ၂၀၁၄ ကို ကျော်ဖြတ်ဖို့ အဆင်သင့် ရှိနေခဲ့ပြန်တယ်..
Saturday, 21 December 2013
ပျော်ရွှင်စရာ တစ်လပြည့်မွေးနေ့လေးပါ သမီးငယ်
ဘာလိုလိုနဲ့..
တစ်ရက်ပြီး တစ်ရက် ကုန်လွန်လာတာ.. ကျွန်မချစ်သော သမီးငယ်.. မနက်ဖြန်ဆို
တစ်လသမီးဖြစ်ပြီပဲ.. မနက်ဖြန်အတွက်.. ဒီကနေ့ကတည်းက .. ဟိုတွေး ၊ ဒီတွေး..
သမီးကလေးကို.. အခုအချိန်များ.. သွားတွေ့လိုက်ရရင်ဆိုတဲ့ အတွေး..
ဖျောက်မရနိုင်ပြန်ဘူးလေ..
လွန်ခဲ့တဲ့ တစ်လ.. ဒီလိုအချိန်က.. ဗျာပေါင်းသောင်းခြောက်ထောင် များတဲ့.. မိသားစုကို ကြည့်ပါဆိုရင်.. ကျွန်မတို့တွေပဲ ဖြစ်မယ်ထင်ပါရဲ့... ညီမငယ်ရဲ့ .. နာကျင်လို့ .. ပျက်ယွင်းတဲ့ မျက်နှာနဲ့.. ဘေးက ဝိုင်းဝန်း ပူပန်နေကြတဲ့.. မိသားစုတွေ... ဒီလို လူတွေက.. အချိန်ပြည့် နွေးထွေးစွာ ကြိုဆိုနေတဲ့.. မကြာခင် ရောက်ရှိလာတော့မယ့်.. သမီးငယ်..
ဒီလိုနဲ့ .. မနက်ခင်းရဲ့ စောစောစီးစီးတစ်နေ့မှာ.. သမီးငယ် ရောက်ရှိလို့ လာခဲ့တယ်.. ခွဲမယ်ဟဲ့.. မခွဲလည်း ရသေးတယ်ဟဲ့ဆိုတဲ့.. ချီတုံချတုံ အခြေအနေမှ.. အရာအားလုံး အဆင်ပြေရင် ခွဲလိုက်ကြမယ်လို့.. ဆုံးဖြတ်ကြပြီး.. ညီမငယ် ခွဲခန်းထဲ ဝင်သွားပြီး သိပ်မကြာတဲ့ ကာလလေးမှာ.. အော်ဟစ်သံလေး ဆူညံစွာပဲ.. ခွဲခန်းထဲမှ.. ထွက်လာခဲ့တာက.. သမီးငယ်..

Wednesday, 4 December 2013
အဆိပ်ချိုသီး
ကားလိပ်ချမိတဲ့ ပြဇာတ်မှာ
သရုပ်ဆောင်ချက် လိုတယ်ဆိုပြီး..
ပြန် က ချင်လို့ မရခဲ့ဘူး.. ။
ပြဒါးသုတ်ထားတဲ့ မှန်တစ်ချပ်မှာ
ထိုးဖောက်မြင်နိုင်တဲ့ သတ္တိ မရှိလို့
တဖက်အလွန်ကို လှမ်းမမြင်နိုင်ဘူး.. ။
Friday, 8 November 2013
ခေါင်းစဉ်မဲ့
ကျ မျက်ရည်.. ကမ္ဘာပျက်တာ
မင်း တစ်ယောက်ထဲတဲ့လား..။
ပြုံးမျက်နှာ.. ကမ္ဘာပျက်တော့
ကိုယ်ပါ ပါ ပြန်တယ်လေ..။
Wednesday, 16 October 2013
ဗုံးနဲ့ ပတ်သက်ရင် ရေပုံးတောင် စေ့စေ့ မကြည့်ချင်တဲ့..... ငစံ
ဗုံးတွေ ပေါက်ကြတော့.. ပထမဆုံး သတိရမိတာ.. ငစံ... ရွပိုးထိုးတတ်တဲ့ ကျနော့်သူငယ်ချင်း...
လွန်ခဲ့တဲ့ ၂၀၀၅ ရဲ့ မေမှာ.. ထီပေါက်တဲ့အကောင်.. အခုတော့လည်း ဇနီးချောလေး ရလို့ ကောင်းစားလို့ နေပေါ့..
ငစံတို့ ဘယ်လောက်တောင် ကံကောင်းလည်းဆို.. သူများတွေ .. အသီးသီး အသက.. ပါရက်နဲ့.. ဘာဆိုဘာမှ မဖြစ်ပဲ.. သူ့ကျမှ ထီကွက်ပေါက်တာက.. ဆုအကြီးကြီး
အဲ့နေ့က.. ကျနော်က.. အိမ်မှာ တီဗီကြည့်ကောင်းနေတုန်း.. မောင်လေးသူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်.. ဒဂုံစင်တာမှာ၊ ဂျန်းရှင်းအိတ်မှာ၊ ပုဇွန်တောင်မှာ.. ဟိုမှာ ဒီမှာနဲ့ သတင်းပေးတာကြောင့်.. အိမ်ရှိ လူကုန် ရေတွက်တော့.. အကုန်စုံတာမို့.. သက်မ ချတုန်း ရှိသေး.. သတင်းတစ်ခုက ဝင်လာပါရောလား..
Monday, 14 October 2013
Subscribe to:
Posts (Atom)

.jpg)