Pages

Saturday, 20 April 2013

:(


နေ့တိုင်းပုံမှန်
ရောက်ရှိနေတဲ့
နေရာဒေသတစ်ခုက
ငါ့ ရင်အနာကို ပိုပြီး ထိုးဆွစေသတဲ့လား..

အဖြူက အပြာအဖြစ်
အပြာက အနီအဖြစ်
တရစ်ရစ် အရောင် ပြောင်းသွားပေမဲ့
တခါတခါကျ
အဖြူရောင်ကို စွန်းထင်းစေသူ
ငါ.. မဖြစ်ချင်ခဲ့ပြန်ဘူးလေ..

Tuesday, 2 April 2013

နင်နဲ့ငါ

" ဒိန်း "

ကောင်းကင်ပြိုကျတဲ့ အဖြစ်လား
ထန်းလက်ကာရတဲ့ အဖြစ်လား
မြည်ဟီးသံက အန န္တ

အရင်းစစ်တော့
ဖြစ်တည်တာက
ရင်ခွင်နက်က.. တုန်ဟီးသံ

Monday, 1 April 2013

ရူးတယ်


ရူးတယ်...

ထူးမခြားနား ဇာတ်လမ်း
က ဖို့..
ထူးထူးခြားခြား ..
ခေါင်းခါးခြေလက်..
အသက်ဝင်အောင်..
ငါ ကြိုးစားခဲ့တယ်..


ရူးတယ်..

ဖြစ်ချင်တိုင်းလည်း
မဖြစ်တဲ့ ဘဝကို..
ငါ့အတွက်၊ ငါ့ဖို့..
အတင်းဖြစ်ညှစ်
သံယောင်လိုက်ယူခဲ့တယ်..


Thursday, 7 March 2013

နွမ်းလျဒီဇင်ဘာ

တစ်နှစ်ပြီး တစ်နှစ် ကုန်ခဲ့ပြန်ပြီ..
တစ်နှစ်ပြီး တစ်နှစ် ပျော်ခဲ့ပြီးပြီ..
ဒီတစ်နှစ်လည်း.. နှစ်စဉ်နှစ်တိုင်းလို.. ပျော်ရွှင်ရမည်ပေါ့….
မျှော်လင့်ခဲ့တယ်.. ထင်မှတ်ခဲ့တယ်.. ယုံကြည်ခဲ့တယ်….
ဒါပေမဲ့လည်း…..

                                            …………………………………


မျက်လုံးတွေ… မျက်လုံးတွေ…
သနားတာလား.. ဂရုဏာသက်တာလား….
စုပ်တသပ်သပ်နဲ့..
ခန်းမကြီး အပြည့်.. မျက်လုံးတွေ..
မမြင်ပါရစေနဲ့… မကြည့်ပါရစေနဲ့.. မကြည့်နေကြပါနဲ့…


Tuesday, 26 February 2013

စိတ်နှင့်ခေါင်းအုံး


ကိန်းဂဏန်းတွေ ပြေးလွှားနေတဲ့.. အမြင်တွေ
တရိပ်ရိပ်နဲ့ မူးနောက်လာတဲ့ .. အာရုံတွေ
တဒိတ်ဒိတ်နဲ့ တုန်မြည်လာတဲ့.. ရင်ခုန်ခြင်းတွေ..


အသက်ရှုသံတွေ ပြင်းထန်လာတယ်..
ဆွဲငင်ရာကို လွင့်ပါ မျောတယ်..
တွေးလိုရာ.. စီးဝင်တွေးတယ်..


ဘာတွေ ဘယ်ရောက်ရောက်..
လာပါ ခေါ်သူနောက်..
တကောက်ကောက် လိုက်ဖို့ ကြံမိပြန်တယ်..


ရုန်းထွက်နိုင်ဖို့ ခဲရင်း ပြန်တော့..
အထိအတွေ့ သာယာမိပြန်တယ်..
ဘာပဲပြောပြော..
အေးချမ်းခြင်း နိဗ္ဗာန်လေး..
ရှာဖွေတွေ့ရင်း...
စီးမျော ခံစားမိခဲ့ပြန်တယ်လေ.....။




ကေပိုး
9:00 PM.
25.2.2013.

Saturday, 9 February 2013

မသိပါဘူးခမျာ..


ကျွန်တော်လား..
အဲ့နေ့ကို သတိမရပါဘူးဗျာ..
ဒါမယ့်.. ခများပြောတဲ့ ဗာလင်တိုင်းဆိုလား.. ဘာတိုင်းဆိုလား
အဲ့နေ့တော့ သိတယ်ခမျ..
ဘာလို့လည်းဆိုတော့..
မနှစ်က အဲ့နေ့မှာ.. ရပ်ကွက်ထဲက ကောင်မလေးတွေဗျာ..
ဝတ်ကောင်းစားလှလေးတွေ ဝတ်လို့..
လမ်းတောင် မလျှောက်ပါဘူး..
လမ်းမကြီးဆီ ရောက်ဖို့..
ကျွန်တော့် ဆိုက်ကား.. ငှားစီးတယ်လေဗျာ..
အဲ့နေ့အတွက်.. မနက်ရော.. ညပါ..
နင်းကြေး မတရား ရတာမို့..
အဲဒီနေ့လေးတော့.. မှတ်ထားခဲ့တာ မဟုတ်ဘူး..
မှတ်မိနေခဲ့တာဗျ..

Saturday, 19 January 2013

ကျွန်မနှင့် ဝန်ဆောင်မှု



မင်္ဂလာပါရှင်..
ကျေးဇူးတင်ပါတယ်ရှင်..


ကြားနေကျ အလွယ်ကူဆုံးစကားလေးတွေပါ.. လောကဝတ်လို့ပဲဆိုဆို.. လူ့ကျင့်ဝတ်လိုပဲ ဆိုဆို.. နေ့စဉ်လူမှုဘဝထဲ မြင်ရ ကြားရနေတဲ့ အလွယ်ကူဆုံး စကားလုံးတွေပါ.. အဲဒီစကားလုံးတွေကို နှုတ်က လွယ်လွယ် ထွက်နိုင်ကြသလားလို့.. မေးကြည့်ရင် .. ထွက်နိုင်တယ်လို့.. လူတော်တော်များများ. ဖြေကြဦးမှာပါ.. အဲဒီလိုပဲ.. ကျွန်မလည်း အရင်က ထင်မြင်ခဲ့ဖူးပါတယ်.. အဲလို ထင်မြင် မိတယ်ဆိုရင်.. တစ်ချက်တော့ စဉ်းစားကြည့်ကြတာပေါ့.. Customer Service ဆိုတဲ့ သင်တန်းတွေ.. ဘယ်မှာလာ  ပေါ်ပေါက် လာနိုင်မှာပါလဲလို့..



အရင်က ကျွန်မ.. အဲဒီလို service ပေးရတဲ့ အလုပ်ဆိုတာကို လွယ်ကူမယ် ထင်ခဲ့ဖူးတယ်.. ကိုယ်ကိုယ်တိုင် တကယ်တမ်း လုပ်ဖြစ်ပြီဆိုတော့မှ .. အရမ်းကို ခက်ခဲမှန်း သိလိုက်ရတယ်.. ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက.. အထူးသဖြင့်တော့.. customer ကို service နိုင်နိုင်ပေးရတဲ့.. လုပ်ငန်းတစ်ခု.. အဲဒီလုပ်ငန်းရဲ့ operation ပိုင်းကို တစ်ခါမှ မဝင်ရောက်ဖူးခဲ့တော့.. service ပေးခြင်း ဆိုတဲ့ နည်းလမ်းတွေ၊ နည်းနိဿယတွေ ဘာတစ်ခုမှ မသိခဲ့ပါဘူး.. သူငယ်ချင်းတွေနဲ့ ပြောပြောနေတဲ့.. smile.. smile... ဝီစကီ.. ဝီစကီ ဆိုတာတွေနဲ့.. တော်သင့်ရုံ လူမှုဆက်ဆံရေးလေးနဲ့.. ရီပြရတာတွေနဲ့.. ထင်တစ်လုံး ရမ်းနေတဲ့ ကျွန်မ.. service ဆိုတဲ့ အလေ့အကျင့်.. service ပေးခြင်းရဲ့ စိတ်ခံစားချက်တွေကို.. လက်တွေ့ကျကျ သိမြင်လိုက်တော့မှ တကယ် မလွယ်မှန်း သိလာခဲ့ရပါတယ်..