Pages

Tuesday, 23 April 2013

ကြည်နူးခြင်း မျှော်လင့်ချက်

၂၉၊ ၃၁၊ ၃၂၊ ၆၅.. ကိန်းဂဏန်းတွေ စီနေခြင်း မဟုတ်ရယ်ပါ...နိမ့်ရာက မြင့်သွားမလား.. မြင့်ရာက  နိမ့်ဆင်းသွားမလား.. ကြိမ်းသေတာတော့.. ဒါတွေဟာ... အသက်အပိုင်းအခြားဂဏန်းတွေမို့.. နိမ့်ရာကနေ မြင့်တက်သွားရုံပဲ ရှိပါတော့တယ်..


ငယ်တော့တဲ့.. သက်တမ်းတွေ မဟုတ်တဲ့.. ဒီအပိုင်းအခြားလေးတွေထဲမှာ.. လိုအပ်တာ၊ လိုချင်တာလေးတွေ.. စိန်စီသလို အစီအရီထဲကမှ.. ငတ်မွတ်နေတဲ့ အရာလေးတစ်ခု.. ပြည့်ဝပြန်ပြီလေ..


ရာထူးတိုးတယ်.. ဝါတိုးတယ်.. အဘွားတဲ့.. အဒေါ်တဲ့.. ဦးလေးတဲ့..  အမှန်တော့ ကြည်နူးစရာ သတ်မှတ်ချက်ကလေးတွေပေါ့..


ဝေးကွာနေတဲ့.. အလှမ်းကွာနေတဲ့.. ပျောက်ရှနေတဲ့.. ဒီမိသားစုလေးထဲ.. အူဝဲ.. အူဝဲ အော်သံနဲ့အတူ.. သာယာချမ်းမြေ့ခြင်းတွေ.. တစ်နေ့ ကြုံလာရတော့မယ်တဲ့... တွေးတွေးပြီး ကြည်နူးစရာပေါ့..

Saturday, 20 April 2013

:(


နေ့တိုင်းပုံမှန်
ရောက်ရှိနေတဲ့
နေရာဒေသတစ်ခုက
ငါ့ ရင်အနာကို ပိုပြီး ထိုးဆွစေသတဲ့လား..

အဖြူက အပြာအဖြစ်
အပြာက အနီအဖြစ်
တရစ်ရစ် အရောင် ပြောင်းသွားပေမဲ့
တခါတခါကျ
အဖြူရောင်ကို စွန်းထင်းစေသူ
ငါ.. မဖြစ်ချင်ခဲ့ပြန်ဘူးလေ..

Tuesday, 2 April 2013

နင်နဲ့ငါ

" ဒိန်း "

ကောင်းကင်ပြိုကျတဲ့ အဖြစ်လား
ထန်းလက်ကာရတဲ့ အဖြစ်လား
မြည်ဟီးသံက အန န္တ

အရင်းစစ်တော့
ဖြစ်တည်တာက
ရင်ခွင်နက်က.. တုန်ဟီးသံ

Monday, 1 April 2013

ရူးတယ်


ရူးတယ်...

ထူးမခြားနား ဇာတ်လမ်း
က ဖို့..
ထူးထူးခြားခြား ..
ခေါင်းခါးခြေလက်..
အသက်ဝင်အောင်..
ငါ ကြိုးစားခဲ့တယ်..


ရူးတယ်..

ဖြစ်ချင်တိုင်းလည်း
မဖြစ်တဲ့ ဘဝကို..
ငါ့အတွက်၊ ငါ့ဖို့..
အတင်းဖြစ်ညှစ်
သံယောင်လိုက်ယူခဲ့တယ်..


Thursday, 7 March 2013

နွမ်းလျဒီဇင်ဘာ

တစ်နှစ်ပြီး တစ်နှစ် ကုန်ခဲ့ပြန်ပြီ..
တစ်နှစ်ပြီး တစ်နှစ် ပျော်ခဲ့ပြီးပြီ..
ဒီတစ်နှစ်လည်း.. နှစ်စဉ်နှစ်တိုင်းလို.. ပျော်ရွှင်ရမည်ပေါ့….
မျှော်လင့်ခဲ့တယ်.. ထင်မှတ်ခဲ့တယ်.. ယုံကြည်ခဲ့တယ်….
ဒါပေမဲ့လည်း…..

                                            …………………………………


မျက်လုံးတွေ… မျက်လုံးတွေ…
သနားတာလား.. ဂရုဏာသက်တာလား….
စုပ်တသပ်သပ်နဲ့..
ခန်းမကြီး အပြည့်.. မျက်လုံးတွေ..
မမြင်ပါရစေနဲ့… မကြည့်ပါရစေနဲ့.. မကြည့်နေကြပါနဲ့…


Tuesday, 26 February 2013

စိတ်နှင့်ခေါင်းအုံး


ကိန်းဂဏန်းတွေ ပြေးလွှားနေတဲ့.. အမြင်တွေ
တရိပ်ရိပ်နဲ့ မူးနောက်လာတဲ့ .. အာရုံတွေ
တဒိတ်ဒိတ်နဲ့ တုန်မြည်လာတဲ့.. ရင်ခုန်ခြင်းတွေ..


အသက်ရှုသံတွေ ပြင်းထန်လာတယ်..
ဆွဲငင်ရာကို လွင့်ပါ မျောတယ်..
တွေးလိုရာ.. စီးဝင်တွေးတယ်..


ဘာတွေ ဘယ်ရောက်ရောက်..
လာပါ ခေါ်သူနောက်..
တကောက်ကောက် လိုက်ဖို့ ကြံမိပြန်တယ်..


ရုန်းထွက်နိုင်ဖို့ ခဲရင်း ပြန်တော့..
အထိအတွေ့ သာယာမိပြန်တယ်..
ဘာပဲပြောပြော..
အေးချမ်းခြင်း နိဗ္ဗာန်လေး..
ရှာဖွေတွေ့ရင်း...
စီးမျော ခံစားမိခဲ့ပြန်တယ်လေ.....။




ကေပိုး
9:00 PM.
25.2.2013.

Saturday, 9 February 2013

မသိပါဘူးခမျာ..


ကျွန်တော်လား..
အဲ့နေ့ကို သတိမရပါဘူးဗျာ..
ဒါမယ့်.. ခများပြောတဲ့ ဗာလင်တိုင်းဆိုလား.. ဘာတိုင်းဆိုလား
အဲ့နေ့တော့ သိတယ်ခမျ..
ဘာလို့လည်းဆိုတော့..
မနှစ်က အဲ့နေ့မှာ.. ရပ်ကွက်ထဲက ကောင်မလေးတွေဗျာ..
ဝတ်ကောင်းစားလှလေးတွေ ဝတ်လို့..
လမ်းတောင် မလျှောက်ပါဘူး..
လမ်းမကြီးဆီ ရောက်ဖို့..
ကျွန်တော့် ဆိုက်ကား.. ငှားစီးတယ်လေဗျာ..
အဲ့နေ့အတွက်.. မနက်ရော.. ညပါ..
နင်းကြေး မတရား ရတာမို့..
အဲဒီနေ့လေးတော့.. မှတ်ထားခဲ့တာ မဟုတ်ဘူး..
မှတ်မိနေခဲ့တာဗျ..